ပခုက္ကူ အမှတ် ၅ ရပ်ကွက် ရာအိမ်မှူးများရွေးချယ်ခဲ့ခြင်းအပေါ် ပြည်သူအချို့ ကန့်ကွက် ဆန္ဒပြ

ပခုက္ကူ အမှတ် ၅ ရပ်ကွက် ရာအိမ်မှူးများရွေးချယ်ခဲ့ခြင်းအပေါ် ပြည်သူအချို့ ကန့်ကွက် ဆန္ဒပြ

ပခုက္ကူ၊မတ်လ ၂၉ ။           ။ ပခုက္ကူ အမှတ် ၅ ရပ်ကွက်အတွင်း ကြီးကြပ်ရေးအဖွဲ့ဝင် ၂ဦးဖြင့် ရာအိမ်စုမှူးများ ရွေးချယ်ခဲ့မှူအပေါ် ရပ်ကွက်နေ ပြည်သူအချို့ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၂၉ ရက်နေ့က ပခုက္ကူမြို့တွင် ပြုလုပ်ခဲ့ကြသည်။

"ကျွန်တော်တို့ ကြီးကြပ် ၅ ဦး ရွေးပါတယ်။ ၃ ဦးနှုတ်ထွက်သွားပါတယ် ၂ ဦးထဲနဲ့ ရာအိမ်စုတွေ ရွေးပါတယ်။ အဲဒါကြောင့် ဆန္ဒပြ ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးထက် ရာအိမ်မှူးတွေ ပြန်လည်ရွေးချယ်စေချင်ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း ပြန်လည်ရွေးချယ်ပေးဖို့ ကန်ကွက်ပါတယ်။ ကန့်ကွက်တဲ့ကြားက လုပ်လို့ ခုလို ဆန္ဒပြ ရခြင်းဖြစ်ပါတယ်"ဟု ဆန္ဒပြသူ ဦးမြင့်အောင်က ပြောသည်။

ထို့အပြင် အမှတ် ၅ ရပ်ကွက်အတွင်း ဆယ်အိမ်စုမှူးများနှင့် ရာအိမ်စုမှူး များရွေးချယ်ရာတွင် တစ်နေ့အတွင်းပြုလုပ်သွားခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများ အနေဖြင့် အဆင်သင့်မဖြစ်ခဲ့ဟု ဦးမြင့်အောင်က ဆိုသည်။

ဆန္ဒပြသူများဘက်က ယင်းသို့ပြောသော်လည်း ပခုက္ကူ  မြို့နယ်အုပ်ချုပ်ရေးမှူး က အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ အဆင့်အဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

"ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ အမှတ် ၅ ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ဦးကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆယ်အိမ်စုမှူး ၊ ရာအိမ်စုမှူးတွေလည်း ရပ်ကွက်နေပြည်သူတွေက  ရွေးချယ်ခဲ့အုပ်ချုပ်ရေးမှူးရွှေးချယ်ပွဲကို ခု မတ်လ ၂၈ ရက်နေ့က ရွေးချယ်ပေးခဲ့ပြီး ဖြစ်ပါတယ်"ဟု ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြောသည်။

ယင်း ဆန္ဒပြထုတ်ဖော်ပွဲကို ပခုက္ကူမြို့ အမှတ် ၅ ရပ်ကွက် မှ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ လူအင်အား ၂၀ ခန့်က ချီတက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly