ရီးယဲလ်နောက်ခံလူ ကွန်ထရာအိုကို တစ်ရာသီ အငှားစာချုပ်ဖြင့် မိုနာကို ခေါ်ယူ

ရီးယဲလ်နောက်ခံလူ ကွန်ထရာအိုကို တစ်ရာသီ အငှားစာချုပ်ဖြင့် မိုနာကို ခေါ်ယူ

ပြင်သစ်ကလပ် မိုနာကိုအသင်းသည် ရီးယဲလ်အသင်းမှ ပေါ်တူဂီနောက်ခံကစားသမား ကွန်ထ ရာအိုကို တစ်ရာသီ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ကွန်ထရာ အိုသည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တ်း ၂ နှစ် ကျန်ရှိနေသေးသော်လည်း ပုံမှန်ကစားခွင့် မရရှိ သည့်အတွက် မိုနာကိုသို့ ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ဘင်ဖီကာမှ ရီးယဲလ်သို့ ရောက်ရှိခဲ့သည့် ကွန်ထရာအိုသည် ရီးယဲလ်တွင် ဘရာဇီးနောက်ခံလူ မာဆယ်လို၏နောက် ဒုတိယ ဦးစားပေးအဖြစ် သာ ကစားခဲ့ရသည်။

နည်းပြသစ် ဘင်နီတက်ဇ်၏ လက်ထက်တွင်လည်း မာဆယ်လိုကိုသာ ဆက်လက် အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ကွန်ထရာအိုသည် ရီးယဲလ်တွင် ကစားခဲ့သည့်လေးနှစ် အတွင်း လာလီဂါပွဲစဉ် ၅၅ ပွဲသာ ပါဝင်ကစားခွင့် ရခဲ့သည်။

ကွန်ထရာအိုသည် နည်းပြဂျာဒင်၏ မိုနာကိုအသင်းတွင်မူ ပထမကစားသမားနေရာ ရရှိမည်ဟု ယုံကြည်နေပြီး လာမည့် ပီအက်စ်ဂျီနှင့်ပွဲတွင် ပါဝင်ခွင့်ရရှိရန် မျှော်လင့်နေသည်။ မန်ယူအသင်းကို မိုရက်စ် နည်းပြနေသည့် ၂၀၁၃ ခုနှစ်က ကွန်ထရာအိုကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ၎င်းက ရီးယဲလ်တွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly