လာလီဂါဖလား ဆွတ်ခူးဖို့ အလွန်ခက်ခဲပေမယ့် မျှော်လင့်ချက်ရှိသေးတယ်လို့ထင်တဲ့ အက်သလက်ကွင်းလယ်လူ ကိုကီ

လာလီဂါဖလား ဆွတ်ခူးဖို့ အလွန်ခက်ခဲပေမယ့် မျှော်လင့်ချက်ရှိသေးတယ်လို့ထင်တဲ့ အက်သလက်ကွင်းလယ်လူ ကိုကီ
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုအသင်း ကွင်းလယ်ကစားသမား ကိုကီက လာလီဂါဖလားတိုက်ပွဲအတွက် ခက်ခဲနေတယ်ဆိုပေမယ့် သူ့အသင်းအနေနဲ့ မျှော်လင့်ချက်ရှိနေဆဲပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်သူ ဘာစီလိုနာအသင်းရဲ့နောက် ၁၁ မှတ်အကွာ ၆၄ မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အက်သလက်တီကိုဟာ စပိန်လာလီဂါဖလားကို ဆွတ်ခူးဖို့ဆိုရင် လက်ကျန်ပွဲအားလုံး အနိုင်ရဖို့လိုပါတယ်။ ဒါပေမယ့် ရှုံးပွဲမရှိသေးတဲ့ ဘာစီလိုနာအသင်းကလည်း အနည်းဆုံး ၄ ပွဲလောက် ရှုံးပွဲတွေ့မှ အက်သလက်တီကိုအနေနဲ့ ဖလားမျှော်လင့်ခွင့်ရမယ်လို့ ကိုကီက ရှင်းပြပါတယ်။

သူက အက်သလက်တီကိုအသင်းဟာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

စပိန်ကလပ်အသင်းဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ စပို့တင်းအသင်းနဲ့ ရင်ဆိုင်တွေ့ဆုံရမှာဖြစ်ပါတယ်။

မက်ဒရစ်မြို့မှာ ပရိုမိုးရှင်းပွဲတစ်ပွဲမှာ တက်ရောက်ခဲ့တဲ့ ကွင်းလယ်လူက အက်သလက်တီကိုအသင်းဟာ ယူရိုပါလိဂ်ကို ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင် ဒါက အခြားဆုဖလားတစ်ခု (ယူအီးအက်ဖ်အေ စူပါဖလား)အတွက် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အက်သလက်တီကိုအကယ်ဒမီမှာ ၆ နှစ်အရွယ်ကလတည်းက ရောက်ရှိခဲ့တဲ့ ကိုကီက သူရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကလပ်အသင်းမှာပဲ အဆုံးသတ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required