ကားစစ်ဆေးတန်ဖိုးသတ်မှတ်ပြီး ရောင်းထုတ်ဖို့ ကူညီပေးမယ့် TOYOTA AYE AND SONS ရဲ့ (Assessment service)အကြောင်း

ကားစစ်ဆေးတန်ဖိုးသတ်မှတ်ပြီး ရောင်းထုတ်ဖို့ ကူညီပေးမယ့် TOYOTA AYE AND SONS ရဲ့ (Assessment service)အကြောင်း

လက်ရှိစီးနေတဲ့ ကားကိုရောင်းထုတ်ပြီး ရန်ကုန်မှာ ကားအသစ်ဝယ်စီးဖို့ စဉ်းစားနေပါသလား? ဒါမှမဟုတ် မိမိစီးနေတဲ့ ကားရဲ့အရည်အသွေးအဆင့် (Grade) ဘယ်လောက်ရှိသလဲ သိချင်နေပါသလား?

TOYOTA AYE AND SONS မှ သတင်းကောင်းယူဆောင်လာပါပြီ။  ပြောင်းလဲနေတဲ့ ကားလောကအခြေအနေတွေကြောင့် ခေါင်းရှုပ်စိတ်ညစ်စရာ မလိုတော့ပါဘူး။  “ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း” (Car Assessment Service)လို့ခေါ်တဲ့ Toyota အစဉ်အလာမပျက်ထိန်းသိမ်းထားတဲ့ အဆင့်မီ ဝန်ဆောင်မှု တစ်ခုကို TOYOTA AYE AND SONS မှ စတင် မိတ်ဆက်လိုက်ပါပြီ။ မြန်မာပြည်မှာ ပထမဆုံးသော ဝန်ဆောင်မှု ဖြစ်ပါတယ်။

TOYOTA မှ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်စစ်ဆေးသူမှ ဂျပန်အပါအဝင် အာရှအဆင့်မီ စစ်ဆေးတဲ့ အတိုင်းသင့်ကားရဲ့ အပြင်ပိုင်း၊ အတွင်းပိုင်း၊ အင်ဂျင်၊ ဖရိန် စတာတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်ပေါင်း (၂၀၀) ကျော်ကို အကဲဖြတ်စစ်ဆေးပေးပြီးသင့်ကားရဲ့ အရည်အသွေးအဆင့်သတ်မှတ်ချက် (Grade) နဲ့ခန့်မှန်းခြေဈေးကွက်ပေါက်ဈေး (Market Price) တို့ကိုသတ်မှတ်ပေးမှာဖြစ်ပါတယ်။

မည်သည့် ကားအမျိုးအစားကိုမဆို စစ်ဆေးပေးမှာဖြစ်ပြီး သင့်ကားကိုရောင်းထုတ်ဖို့စိတ်ကူးရှိတယ်ဆိုရင်တော့TOYOTA AYE AND SONSနဲ့ ချိတ်ဆက်ထားတဲ့ ရန်ကုန်ကကားအရောင်းစင်တာများနဲ့ ချိတ်ဆက်ပြီးရောင်းချနိုင်ဖို့လည်း ကူညီပေးသွားဦးမှာပါ။ 

ဒီထူးခြားကောင်းမွန်တဲ့ ကားစစ်ဆေးခြင်း ဝန်ဆောင်မှုအတွက် မြန်မာငွေ (၁၄၀၀၀) ကျပ်သာကျသင့်မှာဖြစ်ပြီး TOYOTA AYE AND SONS မှ ပေးအပ်တဲ့ ကားစစ်ဆေးမှု ရလာဒ်မှတ်တမ်း (Assessment Result Sheet) နဲ့ အတူ Service Member Card ကို ရရှိမှာဖြစ်ပါတယ်။ ပြန်လည်ရောင်းချလိုတဲ့ Customer များ အနေနဲ့ Market Price အတိုင်းရရှိပြီး အချိန်ကုန်သက်သာစေရန် TOYOTA AYE AND SONS နှင့် ချိတ်ဆက်ထားသော အရောင်းစင်တာများနှင့် ချိတ်ဆက် ရောင်းချပေးမှာပါ။ TOYOTA AYE AND SONS Service Member Card ရရှိသွားတဲ့အတွက်လည်း TOYOTA AYE AND SONS ရဲ့ အခြားသော ဝန်ဆောင်မှုတွေ အပေါ်မှာ Discounts တွေ ရရှိနိုင်တော့ မှာပါ။  TOYOTA AYE AND SONSရဲ့ Premium Member Card ရှိပြီးသား သူတွေအတွက်ကတော့ ကားစစ်ဆေးခြင်းဝန်ဆောင်မှု တစ်ကြိမ် အခမဲ့ ရယူနိုင်ပါတယ်။

ကဲ.. ဒါဆိုဘာကိုစောင့် နေဦးမှာလဲ။ သင့်ကားကိုစစ်ဆေးဖို့ အခုပဲ အောက်မှာဖော်ပြထားတဲ့ Link ကို ဝင်ရောက်စာရင်းသွင်းလိုက်ပါတော့။ စာရင်းသွင်းပုံသွင်းနည်းအဆင့်ဆင့် (step by step)ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမအဆင့်    ။ အောက်ဖော်ပြပါ TOYOTA AYE AND SONS Link ကို ဝင်ပါ။

                   http://assessment.toyota-myanmar.com/#/login

ဒုတိယအဆင့်   ။ Sign-up and Log-in ပြုလုပ်ပါ။ (စာရင်းသွင်းပြီး မိမိအကောင့် ကို ဝင်ရောက်ပါ။)

တတိယအဆင့်  ။ သင့်ကားအချက်အလက်တွေကိုထည့်သွင်းပြီး သင်လာရောက်နိုင်မည့်နေ့နှင့် အချိန်ကိုရက်ချိန်း (appointment) ပြုလုပ်ပါ။

စတုတ္ထအဆင့်   ။ သင် ရယူထားတဲ့ ရက်ချိန်းအတိုင်း TOYOTA AYE AND SONSသို့ လာခဲ့ပါ။

ပဉ္စမအဆင့်      ။ စစ်ဆေးချိန် ၁ နာရီခန့်စောင့်ဆိုင်းပြီးသင့်ကားရဲ့ အဆင့်သတ်မှတ်ချက်(Grade) နဲ့ ခန့်မှန်းဈေးကွက်ပေါက်ဈေး(Market Value) ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

 

ကားချစ်သူများ ပျော်ရွှင်သောမိသားစုဘ၀ ပိုင်ဆိုင်နိုင်ကြပါစေ။

TOYOTA AYE AND SONS

ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်းဝန်ဆောင်မှု (Assessment Service) ပြုလုပ်လိုသူများအနေနဲ့ အောက်ဖော်ပြပါ Link မှတဆင့် Booking ရက်ချိန်း ပြုလုပ်နိုင်ပါတယ်။

http://assessment.toyota-myanmar.com/#/login

အသေးစိတ်သိရှိလိုပါက

လိပ်စာ-          

Toyota Aye and Sons (T.T.A.SCo.,Ltd.)

No. 87(A), ပုလဲကွန်ဒိုအရှေ့ ,ကမ္ဘာအေးဘုရားလမ်း , ရန်ကုန်မြို့၊

ဖုန်းနံပါတ် - 09954400950, 09954502206,01-400950,01-502206ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly