ကမ္ဘာ့ပထမဆုံး နောက်ကင်မရာ (၃)လုံးပါ စမတ်ဖုန်းကို Huawei မိတ်ဆက်

ကမ္ဘာ့ပထမဆုံး နောက်ကင်မရာ (၃)လုံးပါ စမတ်ဖုန်းကို Huawei မိတ်ဆက်
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ တရုတ်ရဲ့ Huawei ဟာ စမတ်ဖုန်းလောကမှာ ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ နောက်ကင်မရာ သုံးလုံးပါ P20 Pro ဗာရှင်းတို့ကို အင်္ဂါနေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ မိတ်ဆက်ခဲ့ပါတယ်။

Huawei P20 Pro မှာ 6.1 လက်မ OLED စခရင်မျက်နှာပြင်ပြည့်၊ သိုလှောင်မှုနေရာ 128 GB၊ RAM 8 GB၊ စမတ်ဖုန်းလောကရဲ့ အမြင့်ဆုံး pixel ပမဏာဖြစ်တဲ့တဲ့ 40 MP နောက်ကင်မရာသုံးလုံးပါဝင်ပြီး ရှေ့ကင်မရာကတော့ 24 MP ဖြစ်ပါတယ်။

Huawei P20 တွင် ၅.၈ လက်မ အရွယ် RGBW မျက်နှာပြင်ပြည့် Fullview Display ပါရှိပြီး P20 Pro လိုပဲ ရှေ့ကင်မရာ 24 MP သုံးထားပါတယ်။

အဆိုပါ P20 အမျိုးအစားတွေမှာ Android ရဲ့ နောက်ဆုံးထွက် 8.1 Oreo ဖြစ်ပြီး Huawei ရဲ့ ကိုယ်ပိုင် EMUI 8.1 operation system ကိုလည်း သုံးထားပါတယ်။

Huawei P20 series စမတ်ဖုန်းတွေကို Graphite Black, Pink Gold နှင့် Midnight Blue အပါဝင် အရောင်ကွဲတွေနဲ့ ထွက်လာမှာဖြစ်ပါတယ်။

ဈေးနှုန်းအနေဖြင့် P20 Pro ကို ဒေါ်လာ ၁,၁၀၀ လောက်က စတင်ပြီး ဧပြီ ၆ ရက်မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ P20 ကိုတော့ ဒေါ်လာ ၈၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချနေပြီလို့ Huawei ကုမ္ပဏီအရ သိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly