ပေါင် ၈၇ သန်းတန် ဝါနာကို လီဗာပူးလ်အသင်းပစ်မှတ်ထားနေ

ပေါင် ၈၇ သန်းတန် ဝါနာကို လီဗာပူးလ်အသင်းပစ်မှတ်ထားနေ

 

မတ် ၂၆၊ လီဗာပူးလ်။         ။ လီဗာပူးလ်အသင်းသည် ပေါင် ၈၇ သန်းတန် လိုက်ဇစ်တိုက်စစ်မှူး တီမို ဝါနာကို နွေရာသီပစ်မှတ်အဖြစ် သဘောထားနေသည်ဟု ဂျာမနီတွင် သတင်းများထွက်နေသည်။

ကလော့ပ်အနေဖြင့် ထက်မြက်သော တိုက်စစ်ကိုပိုင်ဆိုင်ထားသော်လည်း လာမည့်ရာသီတွင် မန်စီးတီးအသင်းနှင့် ယှဉ်လိုနေခြင်း ဖြစ်သည်။

ဂျာမနီလက်ရွေးစင်ဝါနာမှာ ဘွန်ဒက်စ်လီဂါတွင်အဆင့် ၆ နေရာရောက်နေသည့် လိုက်ဇစ်မှထွက်ခွာချင်နေပြီး လီဗာပူးလ်နည်းပြ ကလော့ပ်ကလည်း လိုချင်နေသည်ဟု ဂျာမနီသတင်းစာ ဘီလ်တွင်ဖော်ပြထားသည်။

ကလော့ပ်မှာ အသက် ၂၂ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူး၏ပရိသတ်တစ်ဦးလည်းဖြစ်ပြီး ယင်းကစားသမား၏အေးဂျင့် ကားလ်ဟိန့်ဇ် ဖော်စတာနှင့် ဆက်သွယ်နေသည်ဟုလည်း ဘီလ်ကဆက်လက်ဖော်ပြထားသည်။

ဝါနာသည် လက်ရှိဘောလုံးရာသီတွင်ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၇ ပွဲကစားထားရာ ၁၈ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးထားသည်။ စတုဂတ်ကစားသမားဟောင်းအနေဖြင့် လိုက်ဇစ်ကိုယူရိုပါလိဂ်ကွာတားရောက်အောင်ကူညီပေးထားပြီး လာမည့်နွေတွင် တောင်းဆိုမှုမြင့်မားလာဖွယ်ရှိသည်။

သို့သော် ဂျာမနီအသင်းနှင့်နိုင်ငံတကာခြေစမ်းပွဲကစားရန်ရှိနေစဉ်အတွင်း လိုက်ဇစ်နှင့်အနာဂါတ်ကိုပြောဆိုရန် ဝါနာက ငြင်းဆန်ထားသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required