အဖျားဝေဒနာကြောင့် ဖျော်ဖြေရန်ရှိသည့်ရှိုးပွဲများကို ဖျက်သိမ်းခဲ့ရသည့် P!nk

အဖျားဝေဒနာကြောင့် ဖျော်ဖြေရန်ရှိသည့်ရှိုးပွဲများကို ဖျက်သိမ်းခဲ့ရသည့် P!nk

အမေရိကန်နာမည်ကြီးအဆိုတော် P!nk နှင့် သူမ၏မိသားစုသည် ရာသီတုပ်ကွေးကြောင့် အဖျားဝေဒနာခံစား နေခဲ့ရသည့်အတွက်  ဖျော်ဖြေရန်စီစဉ်ထားသော ဂီတရှိုးပွဲများကို ဖျက်သိမ်းလိုက်ခဲ့ရသည်။

“ဒီက မွန်တရီရယ်လ်မြို့မှာပဲ ကျွန်မဆရာဝန်သွားပြခဲ့ရပါတယ်။ ဒဲတရိုက်မှာပြုလုပ်မယ့်ရှိုးပွဲအတွက် ကျွန်မဘက် က ဖျော်ဖြေဖို့အဆင်မပြေပါဘူး” ဟု P!nk က သူမ၏တွစ်တာ၌ရေးသားခဲ့သည်။

ဆက်လက်ပြီးသူမက “ ကျွန်မဘက်ကတော့ ရှိုးပွဲမှာသီဆိုဖျော်ဖြေတဲ့အချိန်ကျရင် ရှင်တို့အားလုံးအတွက် အပြည့်အဝပဲဖျော်ဖြေချင်ပါတယ်။ ကျွန်မရဲ့အသံကြောင့် ဖြတ်တောက်ရမှာ၊ ရပ်နားရမှာတွေကို မလုပ်ချင်ပါဘူး” ဟုလည်း ရေးသားခဲ့သည်။

ဒါ့အပြင် P!nk က “ ရှင်တို့တွေဘက်က မအားလပ်ကြားက ကျွန်မရဲ့ရှိုးပွဲကိုလာရောက်ကြည့်ရှုဖို့ အားထုတ်ခဲ့ကြ တာကို ကျွန်မနားလည်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်မဘက်က အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မကို နားလည်ပေးတဲ့အတွက်လည်း ရှင်တို့ကိုကျေးဇူးတင်ပါတယ်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

P!nk သည် ဖျက်သိမ်းခဲ့ရသော မွန်တရီရယ်လ်နှင့် ဒဲတရိုက်မြို့တို့ရှိ ရှိုးပွဲများကို တစ်ချိန်ချိန်တွင် ပြန်လည် ကျင်းပရန် စီစဉ်နေပြီး မတ်လ ၂၇ ရက်နေ့တွင် လုဇ်ဗီလီ၌ ဖျော်ဖြေရမည့်ရှိုးပွဲကိုလည်း ဖျော်ဖြေရန်မသေချာ သေးကြောင်းသိရသည်။

Ref: Billboard

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required