တောင်တရုတ်ပင်လယ်တွင် အမေရိကန်စစ်သင်္ဘောရှိနေခြင်းကို တရုတ်ရှုတ်ချ

တောင်တရုတ်ပင်လယ်တွင် အမေရိကန်စစ်သင်္ဘောရှိနေခြင်းကို တရုတ်ရှုတ်ချ

ပေကျင်း၊ မတ် ၂၄ ။            ။ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်က ၎င်းတို့ ပိုင်ဆိုင်ကြောင်း ဆိုထားော ကျွန်းတစ်ကျွန်းအနီး ရေပြင်တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်သည် စိုးရိမ်ဖွယ် နိုင်ငံရေးနှင့် စစ်ရေး ရန်စမှုကို ကျူးလွန်ခြင်းအဖြစ် တရုတ်က မတ် ၂၃ ရက်တွင် ရှုတ်ချပြောဆိုသည်။

ပေကျင်းက သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ကျို့ကျင်းက အမေရိကန်သည် “တရုတ်၏ အချုပ်အခြာနှင့် လုံခြုံရေးကို ဆိုးဝါးစွာ ထိခိုက်နေစေပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျဉ်းများကို ချိုးဖောက်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဒုက္ခပေးနေကြောင်း” ပြောခဲ့သည်။

မတ် ၂၃ ရက် အစောပိုင်းက တောင်တရုတ်ပင်လယ်ရှိ အဆိုပါ တရုတ်က အပိုင်ပြောထားသော ကျွန်းနှင့် နီးကပ်စွာ အမေရိကန် ဖျက်သင်္ဘော USS Mustin က ခုတ်မောင်းခဲ့ပြီး လွတ်လပ်သော ရေကြောင်းသွားလာမှုအဖြစ် ပြောဆိုထားသည်။

အဆိုပါ ရေပြင်မှ အမေရိကန်ဖျက်သင်္ဘောကို တရုတ်ရေတပ်သင်္ဘောနှစ်စီးက ထွက်ခွာရန် သတိပေးခဲ့သည်။

အမေရိကန်၏ ထိုကဲ့သို့သော အပြုအမူကြောင့် တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ရေးစွမ်းရည် ဒီထက်ခိုင်မာရေးအတွက် စေ့ဆော်ပေးနေပြီး အချုပ်အခြာနှင့် လုံခြုံရေးအတွက် ဘေးကင်းအောင်   ဆောင်ရွက်ရေးသံန္နိဌာန်ကို အားဖြည့်ပေးနေခြင်းပဲ ဖြစ်ကြောင်း ရန်ကျို့ကျင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required