လာမည့်သီတင်းပတ်ထဲ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးရန် မြောက်ကိုရီးယား သဘောတူ

လာမည့်သီတင်းပတ်ထဲ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးရန် မြောက်ကိုရီးယား သဘောတူ

မတ် ၂၄ ။              ။ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား အဆင့်မြင့်လယ်ဗယ် ဆွေးနွေးမှုတစ်ရပ်ကို လာမည့် မတ်လ ၂၉ ရက်တွင် ပြုလုပ်သွားရန် မြောက်ကိုရီးယားဘက်က သဘောတူလိုက်ပြီဖြစ်ကြောင်း ဆိုးလ်ဘက်က ထုတ်ပြန်သွားသည်။

အဆိုပါ လာမည့်အပတ် တွေ့ဆုံဆွေးနွေးမှုတွင် ဧပြီလထဲ ကြုံတောင့်ကြုံခဲ ကျင်းပရန် ရှိနေသည့် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ၏ ထိပ်သီးအစည်းအဝေးတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းရမည့် ကိစ္စများနှင့်စပ်လျင်း၍ ဆွေးနွေးသွားကြမည်ဖြစ်သည်။

လာမည့် မတ်လ ၂၉ ရက်တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျွန် အပစ်ရပ် ကျေးရွာတွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ နှစ်ဘက်စလုံးမှ အဖွဲ့ဝင် သုံးဦးစီပါမည့် ကိုယ်စားလှယ်အဖွဲ့တစ်ခုစီ   စေလွှတ်ဆွေးနွေးစေမည်ဖြစ်သည်။

ယင်း တွေ့ဆုံမှု၏ အဓိက ရည်ရွယ်ချက်မှာ ဧပြီလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် ကင်မ်ဂျုံအန်းနှင့်မွန်းဂျေအင်းတို့၏ ထိပ်သီးအစည်းအဝေးတစ်ရပ်အတွက် အကြိုလမ်းခင်းပေးမည့် အစည်းအဝေးလည်း ဖြစ်သည်။

အဆိုပါ ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်ကြီးများ တွေ့ဆုံမှုအပြီး လာမည့်မေလကုန်ခန့်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ မျက်နှာချင်းဆိုင် တွေ့ဆုံရန် စီစဉ်ထားသည်ဟုလည်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required