စည်းအပြင်က လူ (Outcast)

စည်းအပြင်က လူ (Outcast)

မကောင်းဆိုးရွားတွေရှိနေတာကို ယုံလား။ ကိုယ်တိုင် မကောင်းဆိုးရွား ဝင်အပူးခံရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ကျောချမ်းစရာကြီးနော်…

အမေရိကန်နိုင်ငံ၊ အနောက်ဗာဂျီးနီးယားပြည်နယ်က ကယ်လီဘားနက်စ်ဆိုတဲ့ ကောင်လေးကတော့ သူ့တစ်ဘဝလုံးမှာ မကောင်းဆိုးရွားတွေ ဝင်ရောက်ပူးကပ်ခံနေရတာနဲ့ပဲ အချိန်ကုန်နေရတယ်။ ကိုယ်ပိုင်ဘဝဆိုတာ ဘာမှန်းကို မသိတော့ပဲ နေ့တိုင်း မကောင်းဆိုးရွားတွေနဲ့ပဲ နပန်းလုံးနေရတဲ့ဘဝကို ကယ်လီဘားနက်စ်က ရွံမုန်းလာပြီး အဖြေရှာဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့ ….ကမ္ဘာကြီးကို မကောင်းဆိုးရွားတွေ လွှမ်းမိုးနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ…….။

ဒီဇာတ်လမ်းကတော့ ဒီနေ့ကမ္ဘာပေါ်မှာ ရူးရူးမူးမူးကြည့်နေကြတဲ့ စည်းအပြင်က လူ(Outcast) ဆိုတဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲပါ။

ဘယ်က လာလဲ

Outcast ဆိုတာ ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီ Fox က ထုတ်လုပ်တဲ့ သည်းထိတ်ရင်ဖို အမျိုးအစား ရုပ်သံဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲက Outcast ဆိုတဲ့ ကာတွန်းစာအုပ်ကို ပြန်ရိုက်ထားတာပါ။

ဘယ်သူဖန်တီးတာလဲ

Outcast ကို ဖန်တီးတဲ့လူက တစ်ခြားမဟုတ်ဘူး။ တစ်ကမ္ဘာလုံးသိတဲ့ Walking Dead ကို ဖန်တီးတဲ့ ရောဘတ်ခရစ်မန်းပါပဲ။ ခရစ်မန်းက Outcast ကာတွန်းစာအုပ်ကို ဖန်တီးတဲ့သူပါပဲ။

ဘယ်သူတွေပါလဲ

Outcast မှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ကယ်လီဘားနက်စ်အဖြစ် သရုပ်ဆောင် ပက်ထရစ်ဖူဂစ်က သရုပ်ဆောင်ထားပြီး ဂျွန်အန်ဒါဆင်အဖြစ် ဖိလစ်ဂလင်စတာ၊ ဝန်ရှမစ်အဖြစ် ဒေးဗစ်ဒန်းမန်းတို့က သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားကြည့်ပြီးရင်တော့ သရုပ်ဆောင်တွေ ပီပြင်လွန်းလို့ ဆွေမျိုးတွေလိုဖြစ်ပြီး ညတစ်ရေးနိုးထမေးရင်တောင် မမေ့စေရဘူးလို့ အာမခံတယ်။ 

ဘာကြောင့် ကြည့်ရမှာလဲ

ဘဝမှာ မကြုံဘူးတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်တိုင်မယုံဘူးဆိုတဲ့အကြောင်းအရာတွေရှိမယ်ဆိုရင် Outcast ကိုသာ ကြည့်လိုက်။ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားအဆင့်သတ်မှတ်တဲ့ Rotten Tomatoes ကုမ္ပဏီက Reviews ပေါင်း ၃၇ခုကို အခြေခံပြီး အဆင့်သတ်မှတ်ချက် ၁၀ မှာ ၈.၁ အထိ သတ်မှတ်ပေးထားတယ်။ ၂၀၁၆ - ၂၀၁၇ အတွင်းမှာ အကောင်းဆုံး သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲအဖြစ် တစ်ကမ္ဘာလုံးက မီဒီယာတွေက သတ်မှတ်ထားတယ်။ ဒီကားမှာ Walking Dead လို Zombies တွေ မပါဘူး။ ဒါပေမယ့် စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေနဲ့ မကောင်းဆိုးရွားတွေ ဝင်ပူးပုံတွေကတော့ ကြက်သီးမထပဲ မနေနိုင်စေရဘူး။

ဘာထူးခြားလို့လဲ

ဇာတ်လမ်းထဲက ထူးခြားချက်ကတော့ မပြောတော့ဘူး ကိုယ်တိုင်ခံစားကြည့်လိုက်။ ဒါပေမယ့် ဇာတ်လမ်းအပြင်မှာ ဒီဇာတ်ကားရဲ့လွှမ်းမိုးမှုက ဘယ်လောက်တောင်ပြင်းထန်နေသလဲဆိုတာ နည်းနည်းပြောပြမယ်။ ကယ်လီဘားနက်စ်နေရာမှာ သရုပ်ဆောင်တဲ့မင်းသား ပက်ထရစ်ဖူဂစ်က ဒီဇာတ်လမ်းကို သာမန်လူငယ်ကြိုက်ဇာတ်လမ်းတွဲအနေနဲ့လက်ခံရိုက်ကူးခဲ့ပေမယ့် ရိုက်ကူးနေတဲ့ အချိန်တစ်လျှောက်လုံးမှာ စီးမျောမှုအားကောင်းလွန်းလို့ အပြင်မှာပါ မကောင်းဆိုးရွားတွေ လာဆက်သွယ်သလို ခံစားရတဲ့အထိပဲလို့ ဝန်ခံထားတယ်။

ဇာတ်လမ်းအခြေခံထားတဲ့ အနောက်ဗားဂျီးနီးယားပြည်နယ်က ရုမ်း (ROME) ဆိုတဲ့ မြို့က တကယ်မရှိဘူး။ ဒါပေမယ့် ဒီကားကို ကြည့်အပြီးမှာတော့ အနောက်ဗာဂျီးနီးယားက လူတစ်ချို့က ကမ္ဘာ့မြေပုံပေါ်မှာ မရှိတဲ့ ရုမ်း(Rome) မြို့ကို လိုက်ရှာနေကြသလို၊ ဗာဂျီးနီးယားပြည်နယ်က လူငယ်တစ်ချို့ကလည်း မကောင်းဆိုးရွားတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြတယ်။ ကဲ…. ဒါဆိုရင်တော့ ဘာထူးခြားတယ်ဆိုတာ ပြောစရာမလိုလောက်တော့ဘူးထင်ပါတယ်။

ဘယ်မှာကြည့်ရမှာလဲ

သိပ်မကြာခင်မှာ အခမဲ့ရုပ်သံလိုင်းအနေနဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးတော့မယ့် Mizzima TV Channel ကနေ Outcast (စည်းအပြင်က လူ) ဇာတ်လမ်းတွဲကို သင့်ရှေ့အရောက် ယူဆောင်လာပေးမှာပါ။ 

သတိပေးချက်

အရေးကြီးပါတယ်။ Outcast ကို ကြည့်နေတဲ့အချိန်မှာ မျက်တောင်ခတ်ဖို့ သတိရပါ။ နေ့လည်ဘက်မှာ အချိန်ရရင် အိပ်ရေးဝအောင် အိပ်ထားပါ။ အရမ်းကြောက်စရာကောင်းလွန်းလို့ အိပ်မပျော်ရင်တာ့ တာဝန်မယူဘူးနော်….။

ပံ့ပိုးကူညီမှု

Mizzima TV Channel မှာ ပြမယ့် Outcast TV Series ကို Lifebuoy, Lux,  Pond's Moisturizer, Signal, Sunsilk, Clear, Close Up, Dove, E-Lan, Fair and Lovely, Knorr Chicken Powder စတဲ့ ကုန်ပစ္စည်းတွေကလည်း ကြော်ငြာထည့်ပြီး ပံ့ပိုးကူညီပေးမှာပါ။ 

ပြသမည့်ဇာတ်လမ်းအမည်
စည်းအပြင်ကလူ

ပြသမည့်နေ့ရက် 
အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့ (အပိုင်းသစ်)

ပြသမည့်အချိန်  
ည ၇ နာရီ

ပြန်လည်ပြသမည့်နေ့ရက်နဲ့ အချိန် (Replay Time) 
အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီ (Replay 1) ၊ ညနေ ၄ နာရီ (Replay 2)

Written by Ye Yint Htay

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required