Avengers 4 ရုပ်ရှင်ပြီးနောက်တွင် Captain America အဖြစ်မှ အနားယူဖွယ်ရှိသည့် ခရစ္စအီဗန်စ်

Avengers 4 ရုပ်ရှင်ပြီးနောက်တွင် Captain America အဖြစ်မှ အနားယူဖွယ်ရှိသည့် ခရစ္စအီဗန်စ်

 

Marvel ရုပ်ပြဇာတ်လမ်းများထဲမှ လူကြိုက်များလှသည့်ဇာတ်ကောင်တစ်ခုဖြစ်သော Captain America အဖြစ် သရုပ်ဆောင်နေသည့် နာမည်ကြီးမင်းသား ခရစ္စအီဗန်စ်သည် Avengers 4 ဇာတ်ကားပြီးနောက်တွင် ယင်းဇာတ်ကောင်အဖြစ်မှ အနားယူဖွယ်ရှိကြာင်း နယူးယောက်တိုင်းမ်၏အဆိုအရ သိရသည်။

Avengers 4 ( ယာယီခေါင်းစဉ်) ဇာတ်ကားကို လာမည့် ၂၀၁၉ ခုနှစ် မေလတွင် ရုံတင်ပြသသွားရန်စီစဉ်ထား ပြီး ခရစ္စအီဗန်စ်သည် ယင်းဇာတ်ကားပြီးနောက်တွင် ထိုဇာတ်ကောင်အဖြစ်ဆက်လက်သရုပ်ဆောင်ရန် အစီအစဉ်မရှိတော့ကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။

“ခင်ဗျားကို အားလုံးကမတွန်းချခင်မှာ ရထားပေါ်ကနေ ခင်ဗျားဆင်းသင့်ပါတယ်” ဟု အီဗန်စ်က ၎င်း၏ ဇာတ်ရုပ်နှင့်ပက်သက်၍ ဥပမာပေးကာ ပြောဆိုခဲ့ဖူးသည်။ သူသည် လာမည့်ဆောင်းဦးရာသီတွင် ရုပ်ရှင်ပြန် လည် ရိုက်ကူးမှုများကို ပြုလုပ်သွားရန်ရှိသော်လည်း Avengers 4 သည် Marvel အတွက်သရုပ်ဆောင်ပေးမည့် အီဗန်စ်၏ နောက်ဆုံးဇာတ်ကားဖြစ်မည်ဟု သိရသည်။

စာချုပ်ကုန်ဆုံးတော့မည်လည်းဖြစ်သည့် အီဗန်စ်ကြောင့် သူ၏ဇာတ်ကောင် Captain America သည် ဧပြီ ၂၇ ရက်နေ့တွင်စတင်ပြသမည့် Avengers: Infinity War  သို့မဟုတ် Avengers 4 ( ယာယီခေါင်းစဉ်) ဇာတ်ကား တို့တွင် သေဆုံးသွားမည့် အဓိကဇာတ်ကောင်တစ်ဦးဖြစ်လိမ့်မည်ဟု ပရိသတ်များက အမျိုးမျိုးထင်ကြေးပေး နေကြသည်။

အီဗန်စ်သည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတည်းက Captain America အဖြစ်စတင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ၏အားပေးမှုကိုသာမက ဇာတ်ကောင်အချင်းချင်း၏ နှစ်သက်မှုကိုလည်း ရရှိထားခဲ့သူဖြစ်သည်။

Ref: Variety

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required