ကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကြောင့် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အဖမ်းခံရ

ကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုကြောင့် ယူကရိန်းလွှတ်တော်အမတ်တစ်ဦး အဖမ်းခံရ

 

ကိယဗ်၊ ယူကရိန်း၊ မတ် ၂၃ ။             ။ ယူကရိန်းနိုင်ငံမှလွှတ်တော်အမတ် နာဒီယာဆက်ဗ်ချန်ကိုသည် ကိယဗ်မြို့အတွင်း၌ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရန်စီမံထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ကြာသာပတေးနေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“အစိုးရရှေ့နေချုပ်က သူမအပေါ်စွဲဆိုချက်ကိုဖတ်ကြားအပြီးမှာ သူမကိုဖမ်းဆီးထိန်းသိမ်းခဲ့တာပါ” ဟု အစိုးရ ရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး အန်ဒရီလိုင်ဆန်ကိုက ပြောခဲ့သည်။ ဒါ့အပြင် လွှတ်တော်အမတ်များ သည် စွဲဆိုချက်မှကင်းလွတ်နိုင်ခွင့်ရှိသည့် ရှက်ဗ်ချန်ကို၏ အခွင့်အရေးအား ရုတ်သိမ်းရန်အတွက် မဲခွဲဆုံးဖြတ်ခဲ့ ကြကြောင်းလည်း သိရသည်။

“နာဒီယာဆက်ဗ်ချန်ကိုဟာ ယူကရိန်းမြို့တော်ရဲ့ မြို့လယ်ခေါင်တည့်တည့်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကျူးလွန်ဖို့အတွက် စီစဉ်ထားခဲ့ပါတယ်” ဟု အစိုးရရှေ့နေချုပ် ယူရီလက်တ်ဆန်ကိုက ပါလီမန်အတွင်း၌ အမတ်များကို ပြောကြားခဲ့သည်။

သူမသည် တိုက်ခိုက်ကျူးလွန်ရန်အတွက် လိုအပ်သောလက်နက်များကို နိုင်ငံ၏အရှေ့ပိုင်း၌ရယူရန် ရုရှားတို့ ဘက်မှထောက်ခံပေးထားသော ခွဲထွက်ရေးအဖွဲ့မှခေါင်းဆောင်များနှင့် သဘောတူညီမှုရယူခဲ့ပြီး ထိုလက်နက် များထဲတွင် ၁၂၀ မမ ပြောင်း၀ မော်တာသေနတ်များ၊ လက်နက်ငယ်များ၊ စနိုက်ပါများ၊ ရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများပါဝင်ကြောင်း အစိုးရရှေ့နေချုပ်က အခိုင်အမာပြောကြားခဲ့သည်။

ဒါ့အပြင် ကြိုတင်စီမံထားသော ယင်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့လယ်ခေါင်၌ သွေးချောင်းစီးသွားနိုင် ကြောင်း လက်တ်ဆန်ကိုက ပြောခဲ့သည်။ သူသည် အမတ်များအား ဆက်ဗ်ချန်ကိုနှင့်တူသောအမျိုးသမီးတစ်ဦး နှင့် အခြားယူကရိန်းအရာရှိနှစ်ဦးတို့ ပါလီမန်သို့တိုက်ခိုက်ရန် စီမံနေသော မိနစ် ၃၀ ခန့်ကြာမြင့်သည့် ဗီဒီယို တစ်ခုကိုလည်း အမတ်များအား ပြသခဲ့သည်။

“အာဏာသိမ်းဖို့ ကျမ အဆိုပြုပါတယ်။ သူတို့ကိုဖယ်ရှားပစ်ရပါမယ်။ သူတို့အားလုံးကို အခိုက်အတန့်တစ်ခု အတွင်း ရှင်းလင်းပစ်ရပါမယ်” ဟု ဆက်ဗ်ချန်ကိုနှင့်တူသော အမျိုးသမီးတစ်ဦးက ပါလီမန်ထဲသို့ လက်ပစ်ဗုံးနှင့် ပစ်ဖောက်တိုက်ခိုက်ရန် ရှင်းလင်းပြောကြားနေသည်ကို ဗီဒီယိုထဲ၌ မြင်တွေ့ရသည်။

ထိုဗီဒီယိုကိုပြသစဉ်တွင် ဆက်ဗ်ချန်ကိုသည် လွှတ်တော်အတွင်း၌ပင်ရှိနေပြီး ထိုဗီဒီယိုအား ပြုံး၍ကြည့်နေခဲ့ကာ ရှင်းလင်းချက်တစ်ခုမှပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဆက်ဗ်ချန်ကို၏ စွဲဆိုချက်မှကင်းလွတ်နိုင်ခွင့်ရှိသော အခွင့်အရေးကို ဖြုတ်ချ နိုင်ရန်အတွက် လွှတ်တော်အတွင်းမဲပေးဆုံးဖြတ်ခဲ့ပြီး ၂၆၈ မဲ ၁၀ မဲဖြင့် ရှုံးနိမ့်ခဲ့ကာ ယခုလိုအဖမ်းခံခဲ့ရခြင်းဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required