သင်္ကြန်ရက်များတွင် ရန်ကုန်အတွင်း YBS ယာဉ်စီးရေ ၁၀၀၀ နီးပါး ပြေးဆွဲပေးရန် စီစဉ်ထား

သင်္ကြန်ရက်များတွင် ရန်ကုန်အတွင်း YBS ယာဉ်စီးရေ ၁၀၀၀ နီးပါး ပြေးဆွဲပေးရန် စီစဉ်ထား
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)
 

ရန်ကုန်၊ မတ်လ ၂၂ ။            ။ ရန်ကုန်တိုင်းဒေသကြီး၌ မဟာသြင်္ကန်ကာလအတွင်း YBS ယာဉ်စီးရေ ၁ဝဝဝ နီးပါးဖြင့် ပုံမှန်ဈေးနှုန်းဖြင့် ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA ) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

“ ကျွန်တော်တို့ကတော့ သြင်္ကန်အတွင်းပြေးဆွဲပေးဖို့အတွက် ယာဉ်စီးရေ ၈ဝဝ နဲ့ ၁ဝဝဝ ကြား တွက်ထားတာရှိ ပါတယ်။ အဲ့ကြားထဲမှာပဲ စီစဉ်ပြေးဆွဲပေးသွားမှာပါ။ ပုံမှန်ကတော့ ယာဉ်စီးရေ သုံးပုံ ပုံ တစ်ပုံနီးပါး ပြေးဆွဲပေး နေကျပါ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

မဟာသြင်္ကန်ကျရောက်မည့် ကာလများဖြစ်သည့် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်ထိ၊ ၅ ရက်တာ ကာလအတွင်း YBS ဘတ်စ်ကား များကို ပြီးခဲ့သည့်နှစ်များအတိုင်း နံနက် ၆ နာရီမှ ည ၇ နာရီထိ ပုံမှန်ဈေးနှုန်းဖြင့် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့လည်း အဲ့ဒီရာခိုင်နှုန်းပဲ ပြေးဆွဲပေးသွားမှာပါ။ မူလရှိတဲ့ စာရင်းရဲ့ ၃ဝ ရာခိုင်နှုန်းလောက်တော့ နှစ်စဉ်နှစ်တိုင်းထွက်တယ်ဗျ။ ဒီနှစ်လည်း အဲ့ဒီလောက်ပါပဲ။ ကားခလည်း မူလယာဉ်စီးခနှုန်းထားပါပဲ။ နှစ်စဉ်နှစ် တိုင်းကတော့ ဒီသြင်္ကန်ကာလကတော့ မနက် ၆ နာရီကနေ ည ၇ နာရီထိတော့ ဆွဲကြတယ်ဗျ။ ညနက်တဲ့ အထိတော့ မဆွဲကြပါဘူး။ ဒီသြင်္ကန်လည်း ဒီအချိန်တိုင်းပါပဲ။ သြင်္ကန်တွင်းဆိုတာကတော့ ရုံးဝန်ထမ်းတွေ ပြန်ကြတယ်။ ယာဉ်မောင်းသူတွေလည်း သူတို့ ဇာတိရပ်ရွာပြန်ကြတာများတယ်။ ဒါကြောင့် ကျွန်တော်တို့ ကတော့ ဒီခရီးသွားလူထုတွေ အဆင်ပြေစေရေးအတွက်ကိုတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ပြေးဆွဲ ပေးပါတယ်။ အဲ့အတွက်ကြောင့် ဒီနှစ်လည်း ခါတိုင်းနှစ်လိုပဲ ၃ဝ ရာခိုင်နှုန်းရအောင် ကျွန်တော်တို့ ကြိုးစားပြီး ပြေးဆွဲပေးပါမယ်”ဟု လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုတရုတ်လေးက ပြောသည်။

မထသစနစ်မှ YBSစနစ်သို့ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မ စတင်ကာ ပြောင်းလဲလာခဲ့ရာ YBS စနစ် အတွင်း ကုမ္ပဏီပေါင်း ၂ဝ ကျော်၊ ယာဉ်လိုင်းပေါင်း ၉ဝ ကျော်နှင့် ယာဉ်အစီးရေ ၅ဝဝဝ ကျော်တို့ဖြင့် လက်ရှိ အချိန်တွင် ပြေးဆွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required