တိုက်ရိုက် ရုပ်သံထုတ်လွှင့်နေသော အမေရိကန် ဂျာနယ်လစ်နှစ်ဦး ပစ်သတ်ခံရ

တိုက်ရိုက် ရုပ်သံထုတ်လွှင့်နေသော အမေရိကန် ဂျာနယ်လစ်နှစ်ဦး ပစ်သတ်ခံရ
ဓာတ်ပုံ - ဂူးဂဲလ်

ဗာဂျီးနီးယားရုပ်သံလွှင့်ရုံမှ အလုပ်ထုတ်ခံခဲ့ရသော သတင်းထောက်ဟောင်းတစ်ဦးက သြဂုတ် ၂၆ တွင် တိုက်ရိုက် ရုပ်သံထုတ်လွှင့်နေသော ဂျာနယ်လစ်နှစ်ဦးကို အသေပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ် ကိုယ် သေအောင်မပစ်မီ ပြစ်မှုနှင့် ပတ်သက်သည့် ကြောက်ရွံ့ဖွယ် ရုပ်သံအပိုင်းကို အွန်လိုင်းသို့ တင်ခဲ့သည်။

ဘရိုက်စ်ဝီလျံဟုလည်း ခေါ်သည့် အသက် ၄၁ အရွယ် သေနတ်သမား ဗက်စတာလီဖလာနေ ဂန်သည် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရပြီးနောက် ဆေးရုံတစ်ခုတွင် ကိုယ်ကိုယ်ကိုယ် ပစ်ခတ်သည့် ဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့သည်။

ပစ်ခတ်ခံရသည့် ဂျာနယ်လစ်နှစ်ဦးမှာ အသက် ၂၄ နှစ်အရွယ်ရှိ သတင်းထောက် အလစ်ဆင်ပါကားနှင့် အသက် ၂၇ နှစ်အရွယ်ရှိ ကင်မရာမင်း အာဒမ်ဝါ့ဒ်တို့ဖြစ်ပြီး ဝါရှင်တန်၏ အနောက်တောင်ဘက် ၃၈၅ ကီလိုမီတာအကွာ ရုန်းနုတ်ရှိ စီဘီအက်စ်ရုပ်သံ၏ ဌာနခွဲ တစ်ခုဖြစ်သည့် WDBJ အတွက် တိုက်ရိုက်အင်တာဗျူးတစ်ခုကို ဆောင်ရွက်နေစဉ် အနီးကပ် ပစ်ခတ် ခံရခြင်း ဖြစ်သည်။

တောင်ကယ်ရိုလိုင်းနားရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် လူမည်းဝတ်ပြုသူများ အစုလိုက်အပြုံ လိုက် ပစ်ခတ်ခံမှုကြောင့် ရူးမတတ် စိတ်ထိခိုက်ရသည်ဟု နယူးယောက် ရှိအေဘီစီသတင်း ဌာနသို့ ပေးပို့ခဲ့ သည့် အစီအစဉ်မကျသည့် မူဝါဒကြေညာချက်တစ်ခုတွင် ၂၀၁၃ ခုနှစ်က WDBJ ၏ အလုပ် ထုတ်ခံရသော အာဖရိကန်-အမေရိကန်တစ်ဦးဖြစ်သူ ဖလေဂန်က ပြောကြားသည်။

ဂေးလူမည်းတစ်ဦး ဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု၊ အနိုင်ကျင့်မှုခံရသော မိတ်ဆွေများနှင့် မိသားစုအတွက် သတ်သေကြောင်း ရေးသည့်စာတွင် ဖလေဂန်က မကျေမနပ် ပြောကြားခဲ့သည်။ ဖလေဂန် သည် သူ့ကိုယ်သူ ဝုန်းကနဲပေါက်ကွဲမည့် လူသားယမ်းအိုးဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required