ရှာရှယ်လ်နှင့် သူ၏ ဆက်ဆံရေး၌ အခက်အခဲများရှိသည်ဟု လီယမ်ပိန်းဖွင့်ဟ

ရှာရှယ်လ်နှင့် သူ၏ ဆက်ဆံရေး၌ အခက်အခဲများရှိသည်ဟု လီယမ်ပိန်းဖွင့်ဟ

နာမည်ကြီးအင်္ဂလိပ်အဆိုတော်လေး လီယမ်ပိန်းက သူနှင့် သူ၏အတူနေချစ်သူ ရှာရယ်လ်တို့၏ဆက်ဆံရေး တွင် အခက်အခဲများ ရှိနေသည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

One Direction အဖွဲ့ဝင်ဟောင်းဖြစ်သူ လီယမ်နှင့် ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သော ရှာရယ်လ်တို့အား လူအများက မကြာသေးခင်လများအတွင်း စေ့စေ့စပ်စပ်ကြည့်ရှုနေခဲ့ကြသည်။

ပြီးခဲ့သောဖေဖေါ်ဝါရီလက Brit ဆုပေးပွဲသို့ သူတို့နှစ်ဦးတက်ရောက်ခဲ့သည့်အပေါ် စတန့်ထွင်ခြင်းဖြစ်သည်ဟု လည်း လူအချို့က စွပ်စွဲလျက်ရှိနေသည်။

“ကျနော်တို့နှစ်ဦးကြားမှာ အခြေအနေတွေအားလုံးကောင်းပါတယ်လို့ ကျနော်မပြောချင်ပါဘူး။ ကျနော်တို့ကြား မှာ မတူညီတဲ့အရာတွေကို သေချာပေါက်ရင်ဆိုင်နေရပါတယ်။ ဒါဟာလည်း လူနှစ်ဦးကြားကဆက်ဆံရေးမှာ ရှိတတ်တဲ့အရာပါပဲ။ ဒါပေမယ့် ကျနော်တို့နှစ်ယောက်စလုံး မိသားစုလိုမျိုးဒီအခက်အခဲကို အတူကျော်ဖြတ်ကြ ပါတယ်။ ဒါဟာကျနော့်အတွက်တော့ အရေးအကြီးဆုံးပါပဲ” ဟု လီယမ်က ES မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

လီယမ်နှင့် ရှာရယ်လ်တို့သည် မကြာမီတွင် လမ်းခွဲကြတော့မည်ဟု လူအများက ပြီးခဲ့သောလက အမျိုးမျိုးမှတ် ချက်ပေးခဲ့ကြသည်။

သတင်းတစ်ရပ်ကမူ အသက် ၂၄ နှစ်အရွယ် လီယမ်နှင့် အသက် ၃၄နှစ်အရွယ် ရှာရယ်လ်တို့ကြားမှ အဓိက ခြားနားချက်မှာ အသက်ကွာခြားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ယင်းကိစ္စမှာ ရှာရယ်လ်အတွက် အဓိကပြသနာ ဖြစ်သည်ဟု ဆိုခဲ့သည်။

ဒါ့အပြင် လီယမ်၏ တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုမှာလည်း သူတို့စုံတွဲအတွက် ကြီးမားသောအနှောင့် အယှက်တစ်ခုဖြစ်နေသည်ဟုလည်း သတင်းအချို့က ဆိုခဲ့သည်။

လီယမ်ကမူ “ကျနော်တို့ဘာလုပ်လုပ် မီဒီယာတွေရဲ့အာရုံစိုက်မှုကိုခံနေရတာဟာ အဓိကပြသနာဖြစ်ပြီး ကြောင်တောင်တောင်နိုင်တယ်လို့လည်း ကျနော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

လီယမ်နှင့် ရှာရယ်လ်တို့သည် လက်ရှိအချိန်တွင် တစ်နှစ်သားအရွယ် သားယောင်္ကျားလေးတစ်ဦးကို ပိုင်ဆိုင် ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags