အသက် ရ နှစ်အရွယ်က မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ စဉ်းစားခဲ့ဖူးကြောင့် ဒီမီလိုဗာတိုဖွင့်ဟ

အသက် ရ နှစ်အရွယ်က မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ စဉ်းစားခဲ့ဖူးကြောင့် ဒီမီလိုဗာတိုဖွင့်ဟ

အမေရိကန်အဆိုတော်မလေး ဒီမီလိုဗာတိုက သူမသည် အသက် ၇ နှစ်အရွယ်က မိမိကိုယ်မိမိ အဆုံးစီရင်ဖို့ တွေးတောခဲ့ဖူးကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

ဒါ့အပြင် သူမ၏မိခင်ဖြစ်သူမှာ သူမကိုအိပ်ယာနှိုးသည့်အချိန်တိုင်း မိမိကလေးအသက်မှရှိသေးရဲ့လားဟုပင် စိုးရိမ်စိတ်ဖြစ်မိသည်အထိ အမြဲထိတ်လန့်နေခဲ့ရသည့်အချိန်များ ရှိခဲ့ဖူးကြောင်း   ပြောဆိုခဲ့သည်။

“နာကျင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေအဆုံးသတ်သွားအောင် ကျမကိုယ်ကျမ အဆုံးစီရင်ဖို့ အသက် ၇နှစ်အရွယ် တုန်းက တွေးမိခဲ့ဖူးပါတယ်” ဟု ဒီမီလိုဗာတိုက အမေရိကန်ရုပ်သံအစီအစဉ်မှူးဖြစ်သူ Dr Phil အား ဖွင့်ဟ ပြောဆိုခဲ့သည်။

ဆက်လက်ပြီး သူမ စိတ်ကျရောဂါနှင့် စိတ်ကစဉ့်ကလျားရောဂါတို့ကို ခံစားရချိန်တုန်းက ကိုယ့်ကိုယ်ကို သတ်သေမည့်အတွေးများကို ဆက်လက်တွေးတောနေခဲ့သည်ဟုလည်း သူမက ပြောခဲ့သည်။

လက်ရှိအချိန်တွင် အသက် ၂၅ နှစ်အရွယ်ရှိ ဒီမီလိုဗာတိုက သူမသည် အနိုင်ကျင့်ခံရမှုများ၊ အစားအသောက်မူ မမှန်မှုများ၊ စိတ်ကျရောဂါတို့အပါအဝင် စိတ်ကျန်းမာရေးအခြေအနေများကြောင့် ရုန်းကန်ခဲ့ရဖူးပြီး ဝမ်းနည်းမှု၊ အထီးကျန်ဆန်မှုနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ကြောင့် သတ်သေချင်သည့်အတွေးများ ဝင်လာခဲ့သည်ဟု Dr Phil ကို ပြောခဲ့သည်။

ဆက်လက်ပြီး ဒီမီက သူမသည် အရက်စွဲနေမှုကို ကျော်လွှားနိုင်ခဲ့သော်လည်း အစားအသောက်မမှန်မှုကိုမူ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု Dr Phil အား ပြောခဲ့သည်။

“ကျွန်မရဲ့ အစားအသောက်မမှန်မှုဟာ ကျွန်မငယ်စဉ်ကတည်းက စဖြစ်ခဲ့တာဖြစ်ပြီးတော့ ဒီနေ့အထိလည်း ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟာက ကျွန်မရဲ့နောက်ဆုံးပြဿနာပဲဖြစ်ပါတယ်။ ကျွန်မ အရက်လည်း ဖြတ်နိုင်ခဲ့သလို မိမိကိုယ်ကိုအဆုံးစီရင်ဖို့လည်း မတွေးတောမိတော့ပါဘူး” ဟု ဒီမီက ဆိုခဲ့သည်။

ပြီးခဲ့သော သောကြာနေ့က ဒီမီသည် နယူးယောက်၌ပြုလုပ်ခဲ့သော သူမ၏ဖျော်ဖြေပွဲ၌ အရက်ပြတ်မှု ၆ နှစ်ပြည့် အထိမ်းအမှတ်ကို စင်ပေါ်၌ဆင်နွှဲခဲ့သည်။

DJ Khaled နှင့် အဆိုတော် Kehlani တို့က ဒီမီအတွက် ပရိသတ်များနှင့်အတူ ဟတ်ပီဘတ်ဒေးဟုလည်း ပြိုင်တူအော်ဟစ်ကာ သူမအား ဂုဏ်ပြုပေးခဲ့ကြသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required