အိန္ဒိယ ဂူဂျာရတ်ပြည်နယ်တွင် အမျိုးဇာတ် ဆက်နွယ်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန် စစ်တပ်များ ဖြန့်ချထားရ

အိန္ဒိယ ဂူဂျာရတ်ပြည်နယ်တွင် အမျိုးဇာတ် ဆက်နွယ်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန် စစ်တပ်များ ဖြန့်ချထားရ
၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ရက်က ဂူဂျာရတ်ပြည်နယ် အမီဒါဘတ်မြို့တွင် ရဲနှင့် ဆန္ဒပြသူများကြား အဓိကရုဏ်းများဖြစ်ပွားပြီးနောက် စစ်တပ်က ပတ္တရောင်လှည့်နေစဉ်။ ဓာတ်ပုံ - ရိုက်တာ

အမျိုးဇာတ်နှင့် ဆက်နွယ်သော အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နှစ်ရက်တာအတွင်း လူသေဆုံး မှု ၇ ယောက်အထိ မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ၏ ဇာတိပြည်နယ် ဖြစ်သည့် ဂူဂျာရတ်၏ အဓိကရုဏ်း ဖြစ်ပွားနေသည့် ဧရိယာများတွင် စစ်တပ်က ပတ္တရောင်လှည့်လျက်ရှိသည် ဟု ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သူ့မျိုးနွယ်စုဝင်များအတွက် အစိုးရအလုပ်နှင့် ကောလိပ်နေရာများ ပိုပေးရန် တောင်းဆိုသည့် သြဂုတ်လ ၂၅ ရက်က ဆန္ဒပြပွဲကြီးတစ်ခုကို ခေါင်းဆောင်ခဲ့သည့် သြဇာကြီးမားသော ပတဲလူမျိုး ၏ခေါင်းဆောင်လူငယ်ကို ရဲက ဖမ်းဆီးပြီးနောက်တွင် အဓိကရုဏ်းများ ပျံ့နှံ့ ဖြစ်ပွားလာခဲ့သည်။

တရားဥပဒေစိုးမိုးမှု ကျိုးပြတ်သွားမှုက ၂၀၀၂ ခုနှစ်က မွတ်စလင် အများစုဖြစ်သည့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရသည့် ပြင်းထန်သော အဓိကရုဏ်းကို အမှတ်ရစရာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်သည့် မိုဒီမှာ သွေးမြေကျမှုကို ရပ်တန့်ရန် မဆိုစလောက်သာ အလုပ်လုပ်ခဲ့သည်ဟူသော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

“ဆန္ဒပြသူ ၆ ဦးနဲ့ ရဲအရာရှိတစ်ဦး အသက်ဆုံးခဲ့ရပြီး နောက်ထပ် ၁၈ ယောက်လည်း အပြင်း အထန် ဒဏ်ရာရသွားတယ်’’ ဟု ပြည်နယ်မြို့တော် ဂန္ဒီနဂါမှ အကြီးတန်းရဲအရာရှိ ကီရှပ်ရှားကပြောကြား သည်။

“ကျောင်းတွေ၊ လုပ်ငန်းတွေ၊ ပုဂ္ဂလိကရုံးတွေ ဒီနေ့ဖွင့်မှာ မဟုတ်ပါဘူး။ အခြေအနေက တင်းမာနေတော့ ဘယ်သူမှ စွန့်စားပြီး အပြင်မထွက်သင့်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး ညမထွက်ရ ကာဖျူးအမိန့် မှာဆက်လက် တည်မြဲသေး သည်ဟုလည်း ဆိုသည်။    

ပတဲ၊ သို့မဟုတ် ပတီဒါမျိုးနွယ်များမှာ ဂူဂျာရက်လူဦးရေ၏ ၁၄ ရာခိုင်နှုန်းရှိပြီး ချမ်းသာကြွယ် ဝသည့် မြေပိုင်ရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်ကြကာ မိုဒီကို အမာခံ ထောက်ခံသူများလည်း ဖြစ်ကြသည်။

အိန္ဒိယ၏ လူမှုရေးအဆင့်တွင် နိမ့်သောအဆင့်မှ အုပ်စုများကို မမျှမတ မျက်နှာလိုက်ထား သည်ဟု သူတို့ယူဆသည့် ပေါ်လစီများကို ပြောင်းလဲပေးရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း ပတဲ မျိုးနွယ်စုဝင်များက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရက ဖိနှိပ်တာကို ခွင့်မပြုနိုင်ပါဘူး။ ပတဲတွေကို သူတို့သတ်ချင်သလောက် သတ်နိုင်ပါတယ်” ၂၁ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ ဟာဒစ်ပတဲ ကပြောကြား သည်။

ဤငယ်ရွယ်သော ခေါင်းဆောင်က အမီဒါဘတ်မြို့တွင် လူသန်းဝက်ခန့် စုရုံးဆန္ဒပြလာအောင် စည်းရုံး ဆွဲခေါ်နိုင်ခဲ့သည်။ ၎င်းကို ဖမ်းဆီးထိန်းသိမ်းမှုကြောင့် ပြည်နယ်တစ်လွှား ရဲနှင့် ဆန္ဒပြသူများ ကြား အဓိကရုဏ်းများ ဖြစ်ပွားလာခဲ့ရာ နောက်ဆုံးတွင် အာဏာပိုင်များက ဟာဒစ်ပတဲကို လွှတ်ပေး လိုက်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required