အမေရိကန်ရှိ ဝေါလ်မတ်စတိုးများတွင် အေအာရ် ၁၅ နှင့် အခြား ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်များရောင်းချမှုကို ရပ်တန့်မည်

အမေရိကန်ရှိ ဝေါလ်မတ်စတိုးများတွင် အေအာရ် ၁၅ နှင့် အခြား ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်များရောင်းချမှုကို ရပ်တန့်မည်
ဓာတ်ပုံ - ယာဟူး

ဝယ်လိုအား နှေးကွေးသည့်အတွက် AR-15 နှင့် အခြားဆီးမီးအော်တိုမက်တစ် ရိုင်ဖယ်များ ရောင်းချမှုကို ရပ်တန့်တော့မည်ဟု အမေရိကန်၏ ထိပ်တန်း သေနတ်နှင့် လက်နက်ခဲယမ်းရောင်းချ သူဝေါလ် မတ်စတိုး ကုမ္ပဏီက သြဂုတ် ၂၆က ထုတ်ပြန်ခဲ့သည်။ ယင်းသေနတ်များအစား အမဲလိုက် သေနတ်နှင့် အားကစားသမားသုံး သေနတ်များကိုသာ အာရုံစိုက်၍ ရောင်းချမည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆုံးဖြတ်ချက်ချရခြင်းမှာ ၂၀၁၂ ခုနှစ်က ဆန်ဒီဟွတ်ခ် မူလတန်းကျောင်းတွင် ကျောင်းသားများနှင့် လူကြီး ၂၆ ဦးကို သတ်ဖြတ်မှုတွင် ရိုင်ဖယ်များ ပါဝင်ခြင်းနှင့် မသက်ဆိုင်ဟုဝေါလ်မတ် ကပြော သည်။

" ဒါက ဝယ်ယူသူတွေရဲ့ တောင်းဆိုမှုအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအစား အမဲလိုက်ရိုင်ဖယ်နဲ့ အားကစားသမားသုံး သေနတ်တွေကို အာရုံစိုက်ပြီး ရောင်းသွားမှာပါ" ဟု ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် ကိုရီလန်းဘာ့ဂ်က ပြောသည်။

ဆီးမီးအော်တိုမက်တစ် AR-15 အပါအဝင် ခေတ်သစ် အားကစားရိုင်ဖယ်(MSR) ဟုခေါ် ဆိုသော ရိုင်ဖယ် အတန်းအစားတစ်ခုကို ရောင်းချမှု ရပ်တန့်မည်ဖြစ်ကြောင်း မစ္စတာလန်းဘာ့ဂ်က ပြောသည်။

ယင်းရိုင်ဖယ် အမျိုးအစားမှာ အကြမ်းအားဖြင့် အမေရိကန်ရှိ ဆိုင်ပေါင်း ၄,၅၀၀ အနက် သုံးပုံတစ်ပုံအောက်ရှိ ဆိုင်များတွင်သာ ရောင်းချရသည်ဟု ၎င်းက ဆိုသည်။

ဗာဂျီးနီးယားပြည်နယ်တွင် ရုပ်သံဂျာနယ်လစ်နှစ်ဦး ပစ်သတ်ခံရသည့်နေ့မှာပင် ဝေါလ်မတ်၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အမေရိကန်တွင် သေနတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

စွမ်းအားမြင့် ကျည်အသုံးပြု သေနတ်များရောင်းချမှုအား တင်းတင်းကျပ်ကျပ် ကြီးကြပ်ရန် ရင်းနှီးမြုပ်နှံသူ တစ်ဦးဖြစ်သူ နယူးယောက်စီးတီးမှ Trinity Church က မကြာသေးမီက ဝေါလ်မတ် အား ဖိအားပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly