အာဖဂန်နစ္စတန်တွင် ပါရှန်းနှစ်သစ်ကူးပွဲကျင်းပရာ အသေခံဗုံးခွဲမှုဇြစ်၍ လူ ၂၉ ဦး သေဆုံး

အာဖဂန်နစ္စတန်တွင် ပါရှန်းနှစ်သစ်ကူးပွဲကျင်းပရာ အသေခံဗုံးခွဲမှုဇြစ်၍ လူ ၂၉ ဦး သေဆုံး

ကဘူးလ်၊ မတ် ၂၁ ။         ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် ပါရှန်းနှစ်သစ်ကူးပွဲကျင်းပရာ ရှီးယိုက်ဘာသာရေးအဆောက်အအုံအနီး အိုင်အက်စ်အသေခံဗုံးခွဲသမားတစ်ဦးက မတ် ၂၁ ရက်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်၍ လူပေါင်း ၂၉ ဦး သေဆုံးသည်။

ခြေလျင်လာရောက်ကာ အသေခံဗုံးခွဲသည့် ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူပေါင်းက ၅၂ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကဘူးလ်တက္ကသိုလ်နှင့် အစိုးရဆေးရုံအနီးတွင်ဖြစ်ပွားသော ယင်းတိုက်ခိုက်မှုသည် ဆာခီရှီးယိုက်ဘာသာရေးအဆောက်အအုံနှင့် တစ်ကီလိုမီတာဝန်းကျင်အတွင်း ဖြစ်ပွားခြင်းသည်။ ယင်းသို့ အသေခံဗုံးခွဲချိန်တွင် အဆိုပါ ဘာသာရေးအဆောက်အအုံအတွင်း ပါရှန်းနှစ်သစ်ကူးပွဲ ကျင်းပနေသည့်အချိန်ဖြစ်ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒက်အမင်းက ဆိုသည်။

အဆိုပါ ဗုံးခွဲသမားသည် ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီး လမ်းပေါ် အသေခံဗုံးခွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အွန်လိုင်းမှတစ်ဆင့်ထုတ်ပြန်ထားကြောင်း ဂျီဟတ်ဝက်ဘ်ဆိုက်များကို စောင့်ကြည့်သည့် SITE ထောက်လှမ်းရေးအုပ်စုက ဆိုသည်။

ယခုတိုက်ခိုက်မှုသည် ရှီးယိုက်တို့၏ နျူရက်ဇ်နှစ်သစ်ကူးပွဲအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောသည်။

နျူရက်ဇ်အဖြစ် အာဖဂန်တွင် သိထားသော ပါရှန်းနှစ်သစ်ကူးနေ့သည် ရုံးပိတ်ရက်လည်း ဖြစ်ကာ လူနည်းစု ရှီးယိုက်များက ဘာသာရေးအဆောက်အအုံများသို့ သွားရောက်လည်ပတ်ကြသည့် နေ့လည်းဖြစ်သည်။

ဆွန်နီအစွန်းရောက်များဖြစ်သည့် အိုင်အက်စ်အဖွဲ့သည် ရှီးယိုက်များကို ဘာသာရေးဖောက်ပြန်သူများအဖြစ် ကြိမ်ဖန်များစွာ ပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required