ဇနီးဖြစ်သူနှင့် လမ်းခွဲခဲ့ပြီဟု အဆိုတော် Logic အတည်ပြု

ဇနီးဖြစ်သူနှင့် လမ်းခွဲခဲ့ပြီဟု အဆိုတော် Logic အတည်ပြု

လွန်ခဲ့သောအပတ်က ဇနီးသည်ဖြစ်သူ ဂျက်စီကာအန်ဒရီရာနှင့် လမ်းခွဲလိုက်ပြီဆိုသောသတင်းများ ပေါ်ထွက် လာခဲ့သော်လည်း နှုတ်ဆိတ်နေခဲ့သော အဆိုတော် Logic က အဆိုပါသတင်းများမှန်ကန်ကြောင်းကို အင်္ဂါနေ့ က သူ၏ပရိသတ်များအား အတည်ပြုပေးခဲ့သည်။

“အိမ်ထောင်သက် ၂ နှစ်ကြာပြီးတဲ့နောက်မှာတော့ ကျနော်တို့နှစ်ဦးဟာ မိတ်ဆွေများအဖြစ် နေထိုင်ကြတာမှ ပိုကောင်းမယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်” ဟု Logic က ရေးသားခဲ့ပြီး သတင်းဌာနများအား သူတို့နှစ်ဦး၏ ကိုယ်ရေးကိုယ်တာကိစ္စကို သီးသန့်ထားပေးကြဖို့ မေတ္တာရပ်ခံခဲ့သည်။

ဒါ့အပြင် သူတို့နှစ်ဦး၏လမ်းခွဲမှုမှာ တစ်ယောက်အပေါ်တစ်ယောက် သစ္စာဖောက်ခြင်းကြောင့် သို့မဟုတ် အမျက်ထွက်ခြင်းကြောင့်ဟု သတင်းများက အမျိုးမျိုးဖော်ပြနေသော်လည်း သူတို့နှစ်ဦးမှာ အခင်အမင်မပျက် ကြောင်း Logic က ပရိသတ်များကို ပြောခဲ့သည်။

“ဒါက အရမ်းရိုးရှင်းပါတယ်။ ကျနော်တို့နှစ်ယောက်ကြားမှာ ဒီအတိုင်းအဆင်မပြေတော့လို့ပါ။ အမျက်ဒေါသ ထွက်တာတွေကြောင့်မျိုးတော့ မဟုတ်ပါဘူး” ဟု သူက ဆိုခဲ့သည်။

ဆက်လက်ပြီး Logic က “ ရန်ဖြစ်တာမျိုး၊ ဖောက်ပြန်တာမျိုးတို့ ဘာဆိုဘာမှမရှိပါဘူး။ ကျနော်တို့တစ်ယောက် အပေါ်တစ်ယောက် မေတ္တာရှိနေဆဲဖြစ်ပြီး ကျန်ရှိနေတဲ့ဘဝတစ်လျှောက် တစ်ယောက်နဲ့တစ်ယောက် ပံ့ပို့ပေး သွားမှာပါ” ဟုလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးအနေဖြင့်သူက ပရိသတ်များအား ဝမ်းမနည်းကြဖို့နှင့် လမ်းခွဲခြင်းကြားတွင် အမုန်းတရားများမရှိ ကြောင်း ပြောဆိုကာ လူမှုမီဒီယာပေါ်၌တင်ခဲ့သော သူ၏စာအား နိဂုံးချုပ်ခဲ့သည်။

ထို့နောက်တွင် အန်ဒရီရာက “မင်းကိုချစ်ပါတယ် ဘော်ဘီရေ။ ပရိသတ်တွေအားလုံးကိုလည်း ချစ်ပါတယ်” ဟု ရေးသားကာ Logic ၏စာကို တုံ့ပြန်ခဲ့သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required