မန္တလေးကျုံး ကာရံမည့် စတီးလက်ရန်းများ မတ်လကုန် အပြီးတပ်ဆင်မည်

မန္တလေးကျုံး ကာရံမည့် စတီးလက်ရန်းများ မတ်လကုန် အပြီးတပ်ဆင်မည်

မတ်လ ၂၁ ။             ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ မတ်လ ၂၀ ရက်နေ့ကစတင်ပြီး ကျုံးကာရံမယ့် လက်ရန်းအသစ်တွေ တပ်ဆင်နေပြီး မတ်လကုန်ပြီးစီးမယ်လို့ သိရပါတယ်။

လက်ရန်းတပ်ဆင်ရန်နှင့်ကျုံးဘေး လျှောက်လမ်းများပြုပြင်ခြင်းလုပ်ငန်းကို ပြီးခဲ့သည့်လက စတင်ခဲ့ခြင်းပြီး လက်ရှိကျုံးဘေးကို လုပ်ဆောင်နေတဲ့ လုပ်ငန်းများကို စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

လက်ရန်းများကို စတီးနဲ့သာ အသုံးပြုထားပြီး ရာသီဥတုဒဏ် နှစ်ရှည်ခံနိုင်တဲ့ဆေးကို အသုံးပြုထားတယ်လို့ သိရကာ ကျုံးဘေး လျှောက်လမ်းပြုပြင်ခြင်းလုပ်ငန်းတွေနဲ့လက်ရန်းတပ်ဆင်ခြင်းတွေကို မတ်လအကုန် ပြီးစီးနိုင်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံက သိရပါတယ်။

မန္တလေးမြို့ ကျုံးကို ကာရံထားရှိမယ့် လက်ရန်းအသစ်တွေကို ၁၀ နှစ်ကြာတဲ့အထိ ရာသီဥတုဒဏ်ခံနိုင်မယ့် ဆေးအမျိုးအစားကို သုတ်ထားပြီး မနက်၊ နေ့လယ်၊ ည အဆင်ပြေမယ့် အပြာရောင်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

လက်ရန်းမှာ အသုံးပြုထားတဲ့ စတီးအမျိုးအစားက Grade 304 အမျိုးအစားကို အသုံးပြုထားကာ တိုင်ရဲ့ အကွာအဝေး တစ်တိုင်နဲ့တစ်တိုင် ၆ ပေခွဲ ရှိပြီး တိုင်ရဲ့အမြင့် ၃ ပေ ၉ လက်မ ရှိပါတယ်။ လက်ရန်းတွေရဲ့ အကွာအဝေး ၅ လက်မ ရှိပါတယ်။

ဒီလက်ရန်းတွေကာရံခြင်းကို ဝေဖန်သူတွေရှိနေပေမယ့် မန္တလေးတိုင်းအစိုးရက ကြီးမှူးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required