မြန်မာနိုင်ငံရဲ့ သမ္မတအသစ် ဘယ်သူဖြစ်လာမလဲ

မြန်မာနိုင်ငံရဲ့ သမ္မတအသစ် ဘယ်သူဖြစ်လာမလဲ
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

သမ္မတတာဝန်ကို ၂ နှစ် ထမ်းဆောင်ပြီးတဲ့နောက်မှာ သမ္မတ တာဝန်ကနေ ဦးထင်ကျော် နှုတ်ထွက်သွားခဲ့ပါ တယ်။ အဲ့ဒီလိုပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေ  နှုတ်ထွက်သွားခဲ့ပါတယ်။ သူတို့တွေ ဒီလိုနှုတ်ထွက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ သမ္မတအသစ်အဖြစ် ဘယ်သူဖြစ်လာနိုင်မလဲဆိုတာကို မဇ္ဈိမက စုစည်းတင်ပြပေးလိုက်ရပါတယ်။

မုံရွာအောင်ရှင်( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး)

"ဘယ်လိုသမ္မတမျိုး ရွေးမလဲဆိုတာတော့ ကျွန်တော်တို့ ထပ်ပြီးတိုင်ပင်ရဦးမှာပါ။ အဓိကကတော့ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတရွေးချယ်ရေး လုပ်ငန်းတွေနဲ့ ပြန်ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ ပါတီကနေ တိုက်ရိုက် ထုတ်ပြန်မှာ မဟုတ်ဘူး။ အစိုးရ နဲ့ လွှတ်တော်က အဓိက ကိုင်တွယ်သွားမှာပါ"

ဦးမောင်မောင်စိုး ( တိုင်းရင်းသားအရေး နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ)

"နောက်သမ္မတကတော့ ဒေါ်အောင်ဆန်းစုကြည်တင်တဲ့သူပဲ ဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီကို သစ္စာခံမယ့်သူပဲ ဖြစ်မှာပေါ့။ ဘယ်သူရွေးချယ်မလဲ ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး"

ဒေါက်တာနန္ဒာလှမြင့် ( ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP )

ပထမအချက်က ပါတီဆိုတာထက်ကျွန်တော့်အမြင်ပေါ့။ သမ္မတကြီးက ကျန်းမာရေးအခြေအနေအရ လို့ နားလည်တယ်လေ။ နောက်ဒီနိုင်ငံရေးအခင်းအကျင်းမှာလည်း Key Player ကသမ္မတကြီးမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေတာကို ဆိုတော့ သမ္မကြီးအနားယူတာကနိုင်ငံရေးအခင်းအကျင်းမှာတော့ ထိရောက်မှုသိပ်မရှိလောက်ဘူးလို့ ဒီလိုပဲရိုးရိုးသားသား နားလည်တယ်လေ။ ဘာကြောင့်ဆို အဓိက Key Player ကဒေါ်အောင်ဆန်းစုကြည်ကိုး သမ္မတကြီးမဟုတ်ဘူး။ ဒီနေ့အစိုးရဦးဆောင်တာကလည်း   ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတာကိုး။ နောက် သမ္မကြီးနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချရတဲ့ သူ့အပေါ်မှာ သစ္စာရှိတဲ့သူမျိုးကိုပဲ ဆက်လက်ရွေးချယ် တာဝန်ပေးအပ်လိုက်မယ်လို့ ဒီလိုပဲမြင်ပါတယ်။   ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိ NLD အစိုးရပြန်လည်ရွေးချယ်မယ့်သမ္မတဟာ ဦးထင်ကျော်လိုပုဂ္ဂိုလ်မျိုးပဲ လာလိမ့်မယ်လို့မြင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly