အိုင်အက်စ်၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အီရတ်ဗိုလ်ချုပ်နှစ်ဦးသေဆုံး

အိုင်အက်စ်၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အီရတ်ဗိုလ်ချုပ်နှစ်ဦးသေဆုံး
ဓာတ်ပုံ - ဂူးဂဲလ်

ဘဂ္ဂဒက်မြို့တော်၏ အနောက်ဘက် တည်ငြိမ်မှုမရှိသည့် အန်ဘာပြည်နယ်တွင် အိုင်အက်စ် စခန်းများကို တိုက်ခိုက်ရာတွင် ဦးဆောင်နေခဲ့သော အီရတ် ဗိုလ်ချုပ်ကြီးနှစ်ဦးသည် အိုင်အက်စ်အ သေခံ ဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်ဟု အီရတ်စစ်အရာရှိများက ပြောသည်။

သြဂုတ် ၂၇ က အသေခံဗုံးခွဲသမားသည် အန်ဘာပြည်နယ်တွင် အိုင်အက်စ်တို့ ထိန်းချုပ်ထား သော မြို့တော်ရာမာဒီ၏ မြောက်ဖက် ရှေ့တက်လာသော အီရတ် တပ်ဖွဲ့ဝင်များအတွင်းသို့ ဗုံးများတင်ဆောင် လာသော ၎င်း၏ကားကို  မောင်းနှင်ခဲ့သည်ဟု အရာရှိများက ပြောသည်။

မီဒီယာများအား  ပြောခွင့်မရှိသဖြင့် ထိုအရာရှိများက ၎င်းတို့ မည်သူမည်ဝါဆိုသည်ကို မပြောကြားခဲ့ပေ။ စစ်တပ်၏ ထုတ်ပြန်ချက်တစ်ခုအရ သေဆုံးခဲ့သူ ဗိုလ်ချုပ်နှစ်ဦးမှာ အန်ဘာရှိ စစ်ဆင်ရေးများ ၏ ဒု-အကြီးအကဲ ဗိုလ်ချုပ် အက်ဘ်ဒူလ် ရာမန် အဘူရက်ဂ်ဟိဖ်နှင့် အမှတ ၁၀ တပ်မမှူး ဗိုလ်မှူးချုပ် ဆေဖီးန် အက်ဘ်ဒူလ် မာဂွတ် တို့ဖြစ်သည်။ အခြားသော ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည် ဆို သည်။

အစိုးရတပ်ဖွဲ့ဝင်များသည် မဟာမိတ် ပြည်သူ့စစ်များနှင့်အတူ အန်ဘာတွင် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်နယ်၏ နယ်မြေအများစုကို ထိန်းချုပ် ထားသော စစ်သွေးကြွအုပ်စုအပေါ် အသင့်အတင့်သာ အောင်မြင်မှုရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required