သွေးထွက်သံယိုများသည့် စစ်ပွဲများတိုက်ခိုက်ရန် တရုတ်တို့ဘက်က အသင့်ရှိနေဟု သမ္မတ ရှီကျင့်ဖျင် ကြံုးဝါး

သွေးထွက်သံယိုများသည့် စစ်ပွဲများတိုက်ခိုက်ရန် တရုတ်တို့ဘက်က အသင့်ရှိနေဟု သမ္မတ ရှီကျင့်ဖျင် ကြံုးဝါး

မတ် ၂၀ ။            ။ တရုတ်နိုင်ငံကို တစ်ကွဲတစ်ပြား ဖြစ်စေရန် ကြိုးပမ်းကြံစည်မှုအားလုံးကို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ်လ ၂၀ ရက် အမျိုးသားရေးမိန့်ခွန်းတစ်ရပ် ပြောဆိုစဉ် ထည့်သွင်းခြိမ်းခြောက်သွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းတို့ နိုင်ငံအနေဖြင့် ယနေ့ခေတ် ကမ္ဘာပေါ်တွင် နေရာမှန်တစ်ခုကို ပြန်လည်ရယူရန်အတွက် သွေးထွက်သံယိုများမည့် စစ်ပွဲများကိုလည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ရှီက ကြုံးဝါးပြောဆိုသွားခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်တွင် ပြောကြားခဲ့သည့် သမ္မတရှီ၏ မိန့်ခွန်းထဲတွင် ၎င်း၏ နိုင်ငံကို ယနေ့ခေတ် ကမ္ဘာ့စစ်ရေးနှင့် စီးပွားရေးပိုင်းတွင် ပြိုင်ဘက်မရှိ ကြီးစိုးမှု ခေတ်သစ်တစ်ခုဆီသို့ ဦးတည်လမ်းကြောင်းသွားမည်ဆိုသည့် အယူအဆကိုပါ မြင်ရမည်ဖြစ်သည်။

အလားတူ အမေရိကန်ထိပ်တန်းအရာရှိကြီးများအား ထိုင်ဝမ်သို့ သွားရောက်ခွင့်ပေးမည့် စည်းမျဉ်းသစ်များကို သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ယခုကဲ့သို့ တရုတ်သမ္မတ ရှီ၏ မိန့်ခွန်းပြောဆိုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပေကျင်းအစိုးရနေဖြင့် "တရုတ် တစ်ပြည်ထောင်တည်း မူဝါဒ" ကို ဆက်လက်ကာကွယ်ရလိမ့်မည်ဖြစ်ကြောင်း ရှီက သတိပေးသွားခဲ့သည်။

" နိုင်ငံကို တစ်ကွဲတစ်ပြားဖြစ်စေမယ့် လုပ်ရပ်မှန်သမျှ ကျရှုံးသွားမယ်လို့ပဲ မှတ်ယူကြပါ၊ ဒီလုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးက ရှုတ်ချကြပါလိမ့်မယ်၊ နောက်ပြီး သမိုင်းက ဒါကို အပြစ်ပေးပါလိမ့်မယ်" ဆိုပြီး ရှီက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly