ဗြိတိန်မှနာမည်ကျော်ရုပ်သံအစီအစဉ်မှူးတစ်ဦးဖြစ်သော အန့်တ်မက်ပါ့တ်လင်သည် အရက်သေစာသောက် စား၍ယာဉ်မောင်းခဲ့ပြီးနောက် လန်ဒန်အနောက်တောင်ပိုင်းအရပ်၌ ယာဉ် ၃ စီးတိုက်မိသည့် ဖြစ်ရပ်အတွင်း ပါဝင်ခဲ့သည်ဟု သံသယရှိရသည့်အတွက် အဖမ်းခံခဲ့ရသည်။
လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ၎င်းတို့၏ရဲအရာရှိများအား ရစ်ချ်မွန်းအောက်လမ်းသို့ လာရောက်ကြည့်ရှုရန် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ၁၅း၅၉ နာရီခန့်၌ တစ်စုံတစ်ယောက်က ဖုန်းခေါ်ဆိုခဲ့ကြောင်း ပြောခဲ့သည်။
လူနာတင်ယာဉ်ဌာနနှင့် လန်ဒန်မီးသတ်တပ်ဖွဲ့တို့သည် အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့ပြီး အသေးစား ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးခဲ့ကြသည်။
ထို့နောက်တွင် အခင်းဖြစ်ပွားရာနေရာမှ အသက် ၄၂နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား အရက်သေစာ သောက်စားထားခြင်းရှိမရှိ စမ်းသပ်ခဲ့ပြီးနောက်တွင် မေးခွန်းများမေးမြန်းရန်အတွက် လန်ဒန်တောင်ပိုင်းရှိ ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး ယင်းအမျိုးသားမှာ အန့်တ်ဖြစ်သည်ဟု သိရသည်။
အန့်တ်မက်ပါ့တ်လင်သည် ဒီကလန်ဒွန်နယ်လီနှင့်အတူ ဗြိတိန်၏နာမည်ကျော်ရုပ်သံအစီအစဉ်များဖြစ်ကြသော Britan’s Got Talent ၊ I’m A Celebrity နှင့် Ant and Dec’s Saturday Night Takeaway တို့တွင် အစီအစဉ် မှူးအဖြစ် ပူးပေါင်းတက်ဆက်နေသူဖြစ်သည်။
Ref: BBC