ဆစ်ဒနီမြို့ လူထုတွေ့ဆုံပွဲ တက်မည့်အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ဖျက်သိမ်း

ဆစ်ဒနီမြို့ လူထုတွေ့ဆုံပွဲ တက်မည့်အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ဖျက်သိမ်း

 

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့  အများပြည်သူနှင့် တွေ့ဆုံမည့် အခမ်းအနားတစ်ခုသို့ တက်ရောက်မည့်အစီအစဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဖျက်သိမ်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံပွဲကို ကျန်းမာရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ တွေ့ဆုံပွဲအခမ်းအနား ဖျက်သိမ်းမှု မတိုင်မီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်နှင့် တွေ့ဆုံထားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မတ်လ ၂၀ ရက်တွင် ဆစ်ဒနီမြို့ Lowy Institute တွေ့ဆုံပွဲအခမ်းအနားတစ်ခုသို့ တက်ရောက်ရန် စီစဉ်ထားခဲ့ပြီး ယင်းအခမ်းအနားတွင် သူမအနေဖြင့် တက်ရောက်လာသည့် ပရိသတ်ကို မိန့်ခွန်းပြောပြီး ပရိသတ်ဘက်မှ မေးလာမည့် မေးခွန်းများကို ဖြေကြားရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

" ဒေါ်အောင်ဆန်းစုကြည် နေသိပ်မကောင်းတဲ့အတွက် ဒီ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်မှာ မဟုတ်တော့ပါဘူး ဆိုပြီး မြန်မာသံရုံးဘက်က Lowy Institute ကို အကြောင်းကြားလာပါတယ်" ဆိုပြီး အဆိုပါ Institute က ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly