သြစတြေးလျ တောမီးလောင်ကျွမ်းမှု နေအိမ်ဒါဇင်နဲ့ချီ မီးထဲ ပါသွား

သြစတြေးလျ တောမီးလောင်ကျွမ်းမှု နေအိမ်ဒါဇင်နဲ့ချီ မီးထဲ ပါသွား

 

မတ် ၁၉ ။              ။ သြစတြေးလျ အရှေ့တောင်ပိုင်းဒေသတွင် တောမီးများ လောင်ကျွမ်းမှုကြောင့် လူနေအိမ် ဒါဇင်နဲ့ချီ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအပြင် တောမီးများကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ ခြံမွေးတိရိစ္ဆာန်များ သေကျေမှုတို့လည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ခန့်က စတင်လောင်ကျွမ်းခဲ့သည့် တောမီးအများစုကို မတ်လ ၁၉ ရက်တွင်မူ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

ယခုလက်ရှိအချိန်ထိ အပြင်းအထန် ဒဏ်ရာရမှု သတင်းမျိုး မကြားရသေးကြောင်း တာဝန်ရှိသူများက ပြောသည်။

တောမီးလောင်ကျွမ်းမှုတွင် New South Wales ပြည်နယ် တောင်ဘက်ကမ်းရိုးတန်း Tathra မြို့က အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရကြောင်း၊ ယင်းမြို့တွင် နေအိမ်နှင့် လုပ်ငန်းအဆောက်အအုံပေါင်း ၇၀ ကျော် မီးထဲပါ ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်း ပြည်နယ် မီးသတ်တပ်ဖွဲ့ ကော်မရှင်နာက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly