မန်ယူအတွက် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အစီအစဉ်ရှိခဲ့ဖူးကြောင်း ဗန်ဂါးလ် ထုတ်ဖော်ပြောကြား

မန်ယူအတွက် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အစီအစဉ်ရှိခဲ့ဖူးကြောင်း ဗန်ဂါးလ် ထုတ်ဖော်ပြောကြား
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း လူးဝစ်ဗန်ဂါးလ်က အိုးထရက်ဖို့ဒ်မှာ အသင်းကို ကိုင်တွယ်ခဲ့စဉ်က သူဟာ ရောဘတ် လီဝန်ဒေါစကီးကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဗန်ဂါးလ်ဟာ သရဲနီအသင်းကို ၂၀၁၄ ကန ၂၀၁၆ ခုနှစ်ထိ ကိုင်တွယ်ခဲ့သူဖြစ်ပြီး နောက်ဆုံးမှာ ဟိုးဆေးမော်ရင်ဟိုဖြင့် အစားထိုခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာ လီဝန်ဒေါစကီးကို ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတွေက ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဗန်ဂါးလ်က သူဟာ ပိုလန်လက်ရွေးစင်ကစားသမားကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်လိုပေမယ့် ဘိုင်ယန်မြူးနစ်က လက်မလွှတ်လိုကြောင်း သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ကျနော် လီဝန်ဒေါစကီးကို လေ့ကျင့်သင်ကြားပေးလိုပြီး သူ့ကို မန်ယူအသင်းဆီ ခေါ်ဆောင်လာဖို့ လိုလားခဲ့ပါတယ်။ သူက လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ပြောင်းရွှေ့ကြေးက မန်ယူအတွက် ပြဿနာတစ်ခု မဟုတ်ခဲ့ပေမယ့် ဘိုင်ယန်တို့က သူ့ကို လက်မလွှတ်လိုတာကြောင့်ဘဲဖြစ်ပါတယ်။။”လို့ ဗန်ဂါးလ်က ပြောကြားခဲ့ပါတယ်။

Ref; Fooball 365

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly