မြဝတီ - ကော့ကရိတ် အာရှလမ်း သစ်ဖွင့်ပွဲ သြဂုတ် ၃၀ တွင် ကျင်းပမည်

မြဝတီ - ကော့ကရိတ် အာရှလမ်း သစ်ဖွင့်ပွဲ သြဂုတ် ၃၀ တွင် ကျင်းပမည်

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ဖွင့်ပွဲကို လာမည့် သြဂုတ် ၃၀ ရက်တွင် ကျင်းပမည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ အာရှလမ်းသစ်ဖွင့်ပွဲသို့ KNU ဥကူ္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား အထူးဧည့်သည် တော်အဖြစ် ဖိတ်ကြားထားပြီး  ဒုတိယသမူ္မတတစ်ဦးနှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ တက် ရောက်ကြမည်ဟုလည်း သိရှိရသည်။

မြဝတီ-ကော့ကရိတ် တောင်ပတ်အာရှလမ်းသစ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ထိုင်းလမ်းဖောက်လုပ်ရေးကုမူ္ပဏီ See Sang Karm Yotah Co.,Ltd က ကားလမ်းအရှည် ၂၈ မိုင် ၂ ဖာလုံ ကို ဘတ်သန်းပေါင်း ကျပ် ၁,၃၂၀ ကုန်ကျခံကာ လေးနှစ်နီးပါးခန့် အချိန်ယူ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လမ်းသစ်ဖွင့်ပွဲကို ဇူလိုင် ၂၀ ရက်က ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း တပ်မတော်နှင့် ဒီကေဘီအေတို့ ရက်ရှည်တိုက်ပွဲများကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ သြဂုတ်  ၃၀ ရက်မှ ဖွင့်လှစ်ရခြင်းဖြစ် သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ဖွင့်ပွဲကို နှစ်နိုင်ငံခေါင်းဆောင်များနှင့် တိုင်းရင်းသား ပြည်သူများ တက်ရောက်နိုင်ရေးအတွက် တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီအက်စ်တို့ ပူးပေါင်းပြီး လုံခြုံရေး ကိုတိုးမြှင့်ချထားကြောင်း ဘီဂျီအက်စ် နယ်ခြားစောင့်တပ် အမှတ် (၃) တပ်နယ်မှူးရုံးမှ ဗိုလ်မှူးနိုင်မောင်ဇော်က အတည်ပြု ပြောကြားသည်။

အဆိုပါ အာရှလမ်းသစ်သည် အရှေ့တောင်အာရှ နိုင်ငံများအတွက် အရှေ့အနောက် စီးပွား ရေးစြင်္ကန် လမ်းမကြီးအဖြစ် ကမေူ္ဘာဒီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံအထိ အသုံးပြုနိုင်ရန် အဓိကကျသော လမ်းမကြီးဖြစ်သည်။

ယင်းလမ်းမကြီးအား ဖွင့်လှစ်ပြီးပါက ကော့ကရိတ်-အိန္ဒုလမ်းတစ်လျှောက် လမ်းပုခုံး တိုးချဲ့ ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလမ်းပုခုံး တိုးချဲ့ရာတွင် ထိခိုက်မည့် လယ်ယာမြေများ၊ စိုက်ပျိုးထားသော အပင်များ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေး၊ နစ်နာကြေး များ ပေးအပ်ရန် အစီအစဉ်များရှိကြောင်း၊ သြဂုတ် ၂၆ ရက်တွင် ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆောက်လုပ်ရေး ဒုဝန်ကြီးဦးစိုးတင့်က လွှတ်တော်ကိုယ်စားလှယ်များသို့ တင်ပြသွား ကြောင်း ဘားအံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly