ကာဘူးလ်မြို့၌ ကားဗုံးပေါက်ကွဲ၍ လူ ၃ ဦးထက်မနည်းသေဆုံး

ကာဘူးလ်မြို့၌ ကားဗုံးပေါက်ကွဲ၍ လူ ၃ ဦးထက်မနည်းသေဆုံး

 

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ မတ် ၁၈ ။                           ။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့၌ စနေနေ့က နိုင်ငံခြားကန်ထရိုက်တာကုမ္ပဏီတစ်ခုကို ပစ်မှတ် ထားသော ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့၍ လူ ၃ ဦးထက် မနည်း သေဆုံးခဲ့ပြီး ၂ ဦးခန့် ဒဏ်ရာရရှိခဲ့ ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

 ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနက်ရှ်က အဆိုပါကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူ များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ အရပ်သားများသာဖြစ်ပြီး ကန်ထရိုက်တာများ ထိခိုက်သေဆုံးမှုမရှိခဲ့ ကြောင်း ပြောခဲ့သည်။

 ဒါ့အပြင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရသည့် အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဟု မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ကြေညာခြင်းမရှိသေးကြောင်း ရဲအရာရှိများက ပြောခဲ့သည်။

စနေနေ့ကဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုသည် မကြာသေးခင်ကဖြစ်ပွားခဲ့သော အခြားတိုက်ခိုက်မှုများနှင့် နှိုင်းယှဉ် ကြည့်ပါက သေးငယ်သည်ဟုထင်ရသော်လည်း ကာဘူးလ်မြို့၌ဖြစ်ပွားသည့် တိုက်ခိုက်မှုအများအပြားကြောင့် အနောက်နိုင်ငံများမှကူညီပေးထားသော သမ္မတအက်ရှ်ရက်ဖ်ဂါနီအစိုးရ၏ ယုံကြည်မှုများကို လျော့ပါးစေခဲ့ သည်။

ယခုအပတ်အစောပိုင်းတွင် အာဖဂန်နစ္စတန်မှ အမေရိကန်ထိပ်သီးဗိုလ်ချုပ်ကြီး ဂျွန်နစ်ကိုးလ်ဆန်က ကာဘူးလ် မြို့လုံခြုံရေးသည် အာဖရန်နစ္စတန်၏ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များကို အကူအညီပေးနေသော နိုင်ငံတကာမှအင်အားကြီးနိုင်ငံများ၏ အဓိကပစ်မှတ်ဖြစ်သည်ဟု ပြောဆိုထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required