ဆီးရီးယားသူပုန်မြေ ဂူတာအရပ်မှ ထွက်ပြေးသူပေါင်း သုံးရက်မြောက်အထိ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်

ဆီးရီးယားသူပုန်မြေ ဂူတာအရပ်မှ ထွက်ပြေးသူပေါင်း သုံးရက်မြောက်အထိ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်

ဂူတာ၊ မတ် ၁၇ ။                   ။ ဆီးရီးယားနိုင်ငံတွင် သူပုန်များထိန်းချုပ်ထားရာ ဒမတ်စကပ်ဆင်ခြေဖုံးအရပ် အရှေ့ပိုင်း ဂူတာမှ ထွက်ပြေးလာသူများသည် သုံးရက်မြောက်အထိ ထောင်ပေါင်းများစွာ ရှိနေဆဲဖြစ်သည်။

ဖက်စပ် Al-Ikhbariya TV နှင့် အစိုးရပိုင် ရုပ်မြင်သံကြားတို့ဟာ ရရာပစ္စည်းကို သယ်လျက် ဖုန်ထသော လမ်းတစ်လျှောက် ဒေသခံများ ရွှေ့ပြောင်းနေကြသည်ကို ထုတ်လွှင့်ပြသသည်။

သူပုန်အုပ်စုအား အစိုးရတပ်များ ထိုးစစ်အရှိန်မြှင့်ခြင်းကြောင့် ပြီးခဲ့သည့် နာရီပိုင်းအတွင်း ဂူတာအရပ်မှ ရွှေ့ပြောင်းသူပေါင်း ၁၁၀၀၀ ကျော်ထက်မနည်းရှိကြောင်း ရုရှစစ်တပ်က မတ် ၁၇ ရက်တွင် ပြောသည်။

ရုရှစစ်တပ် စောင့်ကြည့်မှုဖြင့် အစိုးရဦးစီးနေသော လူသားချင်းစာနာထောက်ထားရေး လမ်းကြောင်းတစ်လျှောက် မတ် ၁၇ ရက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသူများတွင် တစ်နာရီလျှင် အနည်းဆုံး ၃၀၀၀ ဝန်းကျင်ရှိကြောင်း အကြီးတန်းတပ်မှူးတစ်ဦးအား ကိုးကားလျက် ရုရှသတင်းအေဂျင်စီများက ပြောသည်။

သူပုန်မြေမှ  အရပ်သားများ တိမ်းရှောင်ထွက်ပြေးကြစဉ် မတ် ၁၆ ရက်က ဆီးရီးယားက လေကြောင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသူပေါင်း ၁၀၀ ကျော်ရှိခဲ့သည်။

မြို့တော် ဒမတ်စကပ်၏ သူပုန်ထိန်းချုပ်သော အရှေ့ပိုင်းဆင်ခြေဖုံးအရပ်များတွင် ရုရှ၏ လေကြောင်းပစ်ကူမှုဖြင့် ဆီးရီးယားအစိုးရက ထိုးစစ်မြှင့်တင်လျက်ရှိနေသည်။

သီတင်းသုံးပတ်ကြာ ထိပ်တိုက်တိုက်ပွဲဖြစ်ပေါ်နေသော အရှေ့ပိုင်း ဂူတာတွင် သေဆုံးမှုများ အများဆုံးဖြစ်ကာ သူပုန်လက်အောက်မှ ၇၀ ရာခိုင်နှုန်းကို အစိုးရတပ်များက စီးနင်းထားနိုင်ပြီးဖြစ်သည်။
အဆိုပါ သီတင်းပတ်များ ကြာမြင့်သည့် တိုက်ပွဲအတွင်း အရပ်သား ၁၃၀၀ သေဆုံးကာ ၅၀၀၀ ဒဏ်ရာရပြီး အစိုးရထိန်းချုပ်ရာ နယ်မြေများသို့ ဝင်ရောက်ထွက်ပြေးလာနေသူပေါင်း ထောင်သောင်းများစွာ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly