ငြိမ်းချမ်းရေးကြေညာခြင်းနှင့်စစ်ရပ်စဲခြင်းကြေညာစာတမ်း (DPCW) ကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းမည်

ငြိမ်းချမ်းရေးကြေညာခြင်းနှင့်စစ်ရပ်စဲခြင်းကြေညာစာတမ်း (DPCW) ကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းမည်

 

ရန်ကုန်၊ မတ် ၁၇ ။                 ။ နိုင်ငံတကာငြိမ်းချမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့တစ်ခုဖြစ်သည့်  ကိုရီးယားနိုင်ငံ အခြေစိုက် HWPL ဆိုသည့်အဖွဲ့မှနေ၍ ဦးဆောင်ရေးဆွဲထားပြီး ၁၀ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးကြေညာခြင်းနှင့် စစ်ရပ်စဲခြင်း ကြေညာစာတမ်း (DPCW) ကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းသွား မည် ဖြစ်ကြောင်း HWPL ၏ လူထုဆက်ဆံရေးသံတမန် ဒေါက်တာသာဉာဏ်က ပြောသည်။

DPCW ပြဌာန်းချက်တွင် အပိုဒ် ၁၀ခုနှင့် အပိုဒ်ငယ် ၃၈ခုတို့ပါဝင်နေပြီး ငြိမ်းချမ်းရေး၊ တိုက်ပွဲများ၊ စစ်လက်နက် များ၊ ဘာသာရေးကိစ္စများပါဝင်သည်ဟု ၎င်းကဆက်လက်ဆိုသည်။

" ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ ဥပဒေပညာရှင်များပါဝင်ပြီး ဒီအဖွဲ့ကြီးဟာ အခန်း ၁၀ ခန်း အချက် ၃၈ ချက်ပါသော ဥပဒေတစ်ခု ကိုကုလသမဂ္ဂမှာ တင်ပြီးတော့အတည်ပြုဖို့ ကြိုးစားနေပါတယ် " ဟု ဒေါက်တာသာဉာဏ်ကပြောသည်။

ငြိမ်းချမ်းရေးကိုအထောက်အကူပြုစေဖို့ရေးဆွဲနေတဲ့ ဥပဒေကို ကမ္ဘာ့ကုလသမဂ္ဂမှာတင် လပိုင်းအတွင်း တင်သွင်းသွားမည် ဖြစ်ပြီး လတ်တလောတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ပါဝင်ထားကြောင်း သိရသည်။

DPCW အတည်ပြုနိုင်ပါက နိုင်ငံတကာ၏ ငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်လာနိုင်မည်ဖြစ်ပြီး အပိုဒ်(၁) တွင် စစ်ရေးခြိမ်းခြောက်မှုနှင့် အင်အားသုံးမှုများကို တားမြစ်ထားပြီး အပိုဒ်(၂) တွင် စစ်ဖြစ်နိုင်ခြေကိုလျော့ချပြီး လက်နက်တွေ၏ ရည်ရွယ်ချက်ကို လူသားမျိုးနွယ်အတွက်အသုံးချရ မည်ဟုဖော်ပြထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required