ဘူရွန်ဒီတွင် မြေပြိုမှုဖြစ်ပွား၍ လူ ၉ ဦး သေဆုံး

ဘူရွန်ဒီတွင် မြေပြိုမှုဖြစ်ပွား၍ လူ ၉ ဦး သေဆုံး

 

မတ် ၁၇ ။               ။ အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီတွင် မတ်လ ၁၆ ရက်က မြေပြိုမှုတစ်ခုဖြစ်ပွား၍ လူ ကိုးဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ မြေပြိုမှုဖြစ်စဉ်မှာ မြို့တော် ဘူဂျမ်ဘာရာ၏ အပြင်ဘက် ဆောက်လုပ်ရေးလုပ်ငန်းဆိုဒ်တစ်ခုတွင် ဖြစ်ပွားခြင်း ဖြစ်ကာ သေဆုံးသူများမှာ ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်းကြောင့် မြို့အရှေ့ခြမ်း ဂက်ဆန်ညီ မြစ်အနီး တောင်စောင်းတစ်ခု ပြိုကျခဲ့ရာကနေ မြစ်ရေကြောင်းလွှဲ တူးမြောင်းတစ်ခု ဖော်နေသည့် အလုပ်သမားများ မြေအောက်တွင် ပိမိသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိအချိန်ထိ ရုပ်အလောင်း ကိုးလောင်း ပြန်လည် ရရှိထားကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဘူရွန်ဒီ ရဲတပ်ဖွဲ့က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required