ဆလိုဗက်ကီးယားတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူ ထောင်သောင်းများစွာက ရွေးကောက်ပွဲစောကျင်းပရန် တောင်းဆို

ဆလိုဗက်ကီးယားတွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူ ထောင်သောင်းများစွာက ရွေးကောက်ပွဲစောကျင်းပရန် တောင်းဆို

 

ဘရတ်တီစလာဗာ၊ မတ် ၁၇ ။              ။ ဆလိုဗက်ကီးယားနိုင်ငံအဝန်းတွင် ထောင်သောင်းများစွာသော အစိုးရဆန့်ကျင်ဆန္ဒပြသူများက ထောက်လှမ်းရေးသတင်းထောက်နှင့် ရည်းစားဖြစ်သူတို့ သတ်ဖြတ်ခြင်းမှ အစပြုသော နိုင်ငံရေးအကျပ်အတည်းများကို  ဖြေရှင်းရေးအတွက် ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပရန် တောင်းဆိုဆန္ဒပြကြသည်။

ဝန်ကြီးချုပ် ရော်ဘတ်ဖီကိုနှင့် ၎င်း၏ အစိုးရတို့ နုတ်ထွက်သွားလင့်ကစား ဆန္ဒပြသူများသည် မတ် ၁၆ ရက်တွင် ဆက်တိုက်သုံးရက်မြောက် ဆန္ဒပြမှုအဖြစ် လမ်းများပေါ် တောင်းဆိုဆန္ဒပြကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အစိုးရဆန့်ကျင်သော ဆန္ဒပြသူများသည် သတင်းထောက် ဂျန်ကူကိတ်နှင့် ရည်းစားဖြစ်သူတို့ ဆန္ဒပြမှုတစ်ရပ်အတွင်း ပစ်သတ်ခံရခြင်းကို စုံစမ်းပေးရန် တောင်းဆိုကြသည်။ အဆိုပါ ဆန္ဒပြမှုသည် ကွန်မြူနစ်အစိုးရအား ဖြုတ်ချခဲ့သည့် ၁၉၈၉ ဗဲလ်ဗက်တော်လှန်ရေးအပြီး အကြီးဆုံးသော ဆန္ဒပြမှုဖြစ်သည်။

ထောက်လှမ်းရေးသတင်းထောက် ကူကိတ်သည် ဖီကို၏ အဖွဲ့အစည်းနှင့် အီတလီ မာဖီးယားများကြား ချိတ်ဆက်မှုရှိသည်ဆိုသော စွပ်စွဲချက်များကို သတင်းလိုက်လံရေးသားခဲ့သူဖြစ်သည်။

မတ် ၁၆ ရက်တွင်မူ ဆန္ဒပြလူထုက ရွေးကောက်ပွဲစောလျင်စွာ ကျင်းပရေးကို တောင်းဆိုလာကြပြီး အများစုကလည်း အထွေထွေသပိတ် ဆင်နွှွဲရေးကို နှိုးဆော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required