အင်န်စီအေ မူကြမ်း အပြီးသတ်ဆွေးနွေးရန် တုုိင်းရင်းသား ကုုိယ်စားလှယ်တုုိ့ သမ္မတ၊ ကာချုပ်တိုု့နှင့်တွေ့ဆုံုမည်

အင်န်စီအေ မူကြမ်း အပြီးသတ်ဆွေးနွေးရန် တုုိင်းရင်းသား ကုုိယ်စားလှယ်တုုိ့ သမ္မတ၊ ကာချုပ်တိုု့နှင့်တွေ့ဆုံုမည်
ချင်းမိုင်မြို့တွင် ကျင်းပနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး။ ဓာတ်ပုံ- Aung Moe Myint facebook

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း အပြီးသတ်ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ထိပ်သီးကိုယ်စားလှယ်တို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ စက်တင်ဘာလ ၉ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ကြောင်း အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

“ ကျွန်မတို့ ၈ ရက်နေ့ သွားမယ်။ နေပြည်တော်မှာ ၉ ရက်နေ့ တွေ့ဖို့ အတည်ဖြစ်ပြီ။ အဓိက အင်န်စီအေကို အပြီးသတ်ဖို့အတွက် ဆွေးနွေးရမှာ ဖြစ်တယ်။ လက်မှတ်ထိုးဖို့ အဆင့်ဆင့် ဆွေးနွေးရမယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

KNU မှ ဥက္ကဋ္ဌ မူတူးစေးဖိုး၊ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ KIO မှ ဒုတိယ ဗိုလ်ချုပ် အင်ဘန်လ၊ KNPP မှ ဥက္ကဋ္ဌ အယ်ဘယ်တွဲ့၊ SSPP ၏ နာယက ဒု ဗိုလ်ချုပ်ကြီး ဆေထင်တို့နှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့မှ ခေါင်းဆောင်များဖြစ်သော ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလှဂျာနှင့် ပူးဇင်ကျုံးတို့ သုံးဦး ပါဝင်မည်ဖြစ်သည်။

သြဂုတ် ၂၁ ရက်မှ ၂၄ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော ထိပ်သီးခေါင်းဆောင် များ၏ အစည်းအဝေး၌လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေး ဆက်လက် ဆွေးနွေးသွားရန်နှင့် နေပြည်တော်သို့ ထိပ်သီးခေါင်းဆောင်များ သွားရောက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်က NCA တွင် အဖွဲ့ ၁၅ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထား သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ NCCT မှ အဖွဲ့ ၁၆ ဖွဲ့နှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအဝင် ၁၇ ဖွဲ့ဖြင့် NCA ကို လက်မှတ်ရေးထိုးရန် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး တန်း တူညီတူ ဂုဏ်သိက္ခာရှိရှိ စည်းလုံးညီညွတ်စွာ အတူတကွ ဆက်လက် ပူးပေါင်းဆောင် ရွက်သွားကြ ရန် KNU ဥက္ကဋ္ဌ မူတူးစေးဖူး၏ အစည်းအဝေး နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် တိုက်တွန်းပြောကြားသည်။

NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး အစိုးရဘက်က လက်ခံရန် သွားရောက်ဆွေးနွေးမည်ဖြစ်ပြီး အကယ်၍ တိုင်းရင်းသားများ၏ အဆိုပြု ချက်ကို လက်ခံပါက လာမည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မကျင်းပမီ လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ပြီး လက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၉၀ တွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမည်ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သြဂုတ်လ ၂၇ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

လက်ရှိ အစိုးရသက်တမ်းတွင် NCA လက်မှတ်မထိုးနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသစ်ကပြန်စရမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက သြဂုတ်လ ၂၇ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly