ဘာစီလိုနာကွင်းမှာ အရိုက်ခံရလို့ ချယ်လ်ဆီးပရိသတ်တွေ ဒဏ်ရာရ

ဘာစီလိုနာကွင်းမှာ အရိုက်ခံရလို့ ချယ်လ်ဆီးပရိသတ်တွေ ဒဏ်ရာရ

 

နူးကမ့်မှာ ဘာစီလိုနာက ချယ်လ်ဆီးအသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ချယ်လ်ဆီးပရိသတ်တွေဟာ ဘာစီလိုနာလုံခြုံရေးတွေရဲ့ နံပါတ်တုတ်နဲ့ရိုက်တာကိုခံရလို့ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ပရိသတ်တချို့က အကြွေစေ့တွေနဲ့ပစ်ပေါက်ခဲ့ကြသလို ကာတလန်ဒေသခွဲထွက်ရေးကြိုးပမ်းမှုမအောင်မြင်တာကို ရည်ရွယ်တဲ့ သံချပ်တွေအော်ဟစ်ခဲ့ကြအပြီးမှာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်ခဲ့တာလို့ စွပ်စွဲချက်တွေလည်းရှိနေပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ လုံခြုံရေးတွေရဲ့ဆက်ဆံပုံဟာ တော်တော်လေးဆိုးရွားပြီး နံပါတ်တုတ်နဲ့ရိုက်ရာမှာလည်း မြင်မြင်သမျှမခွဲခြားဘဲ ရိုက်နှက်ခဲ့တာလို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။

အရိုက်ခံရတဲ့အထဲမှာ အမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်အချို့က ဆိုရင် အရိုက်ခံရတဲ့ ဒဏ်ရာတွေကို ဓါတ်ပုံနဲ့ပြသခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းကလည်း ဒီဖြစ်ရပ်အတွက်ရုပ်သံသက်သေတွေကို ပရိသတ်တွေဆီကနေတောင်းခံထားပြီး ဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုထဲမှာတော့ ဖြစ်ရပ်ရဲ့ တစိတ်တပိုင်းပါဝင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly