ရုရှလေယာဉ်တစ်စင်း ပျံတက်စဉ် ကုန်တင်ခန်းအပေါက်ပွင့်ကာ ရွှေတုံးများ လေယာဉ်ပြေးလမ်းပေါ် ထွက်ကျ

ရုရှလေယာဉ်တစ်စင်း ပျံတက်စဉ် ကုန်တင်ခန်းအပေါက်ပွင့်ကာ ရွှေတုံးများ လေယာဉ်ပြေးလမ်းပေါ် ထွက်ကျ

မတ် ၁၆ ။             ။ ရွှေနှင့် အဖိုးတန်သတ္ထုများ တင်ဆောင်ထားသည့် ကုန်တင်လေယာဉ်တစ်စင်း ရုရှလေဆိပ်တစ်ခုမှ ပျံတက်စဉ် ကုန်တင်ခန်းအပေါက်တစ်ခု မတော်တဆ ပွင့်ထွက်ပြီး ရွှေ ၃ တန်ထက်မနည်း လေယာဉ်ပြေးလမ်းပေါ် ထွက်ကျကျန်ရစ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေယာဉ်ပြေးလမ်းတစ်ခုတွင် ရွှေချောင်းများ ပြန့်ကျဲနေပုံ ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကို Yakutia media က ပြသခဲ့သည်။ Yakutsk မြို့အရှေ့ဘက် လေဆိပ်တစ်ခုတွင် မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

Nimbus လေကြောင်းလိုင်း၏ Antonov  An-12 လေယာဉ်တစ်စင်း Krasnoyarsk မြို့သို့ ဦးတည်ထွက်ခွာ ပျံတက်စဉ် ယခုကဲ့သို့ မတော်တဆမှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ လေယာဉ်တွင် ရွှေနှင့် အခြား အဖိုးတန်သတ္ထု တန်ချိန်ပေါင်း ၉ ဒသမ ၃ တန် တင်ဆောင်ထားသည်ဟု သိရသည်။ 

ကုန်တင်ခန်းတံခါးတစ်ခုတွင် ပျက်စီးမှုတစ်ခုဖြစ်ပြီး ယခုကဲ့သိ့ု အဖိုးတန်သတ္ထုတစ်ချို့ ထွက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် အာဏာပိုင်များက အလေးချိန် ၃ ဒသမ ၄ တန်ခန့်ရှိ ထွက်ကျ ရွှေချောင်း ၁၇၂ ချောင်းကို ပြန်လည် သိမ်းဆည်းခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ် တွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required