အမျိုးသားလုံခြံုရေးအကြံပေး မက်မာစတာအား ထုတ်ပယ်ရန် ဒေါ်နယ်ထရမ့် ဆုံးဖြတ်ထားပြီးဖြစ်ဟု ဆို

အမျိုးသားလုံခြံုရေးအကြံပေး မက်မာစတာအား ထုတ်ပယ်ရန် ဒေါ်နယ်ထရမ့် ဆုံးဖြတ်ထားပြီးဖြစ်ဟု ဆို

 

မတ် ၁၆ ။            ။ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဟားဘာ့ ရေမွန် မက်မာစတာအား ရာထူးကနေ ထုတ်ပယ်ရန် သမ္မတ ဒေါ်နယ်ထရမ့်ဘက်က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း The Washington Post သတင်းဌာနက ဖော်ပြသည်။

ယင်းမှာ နောက်ထပ် အိမ်ဖြူတော်အစိုးရအဖွဲ့အတွင်း အဆင့်မြင့်အရာရှိတစ်ဦး ထွက်ခွာရမှုကိစ္စတစ်ခု ဖြစ်လာရန်လည်း ရှိနေသည်ဟု ဆိုသည်။

လက်ရှိအချိန်မှာ သမ္မတ ထရမ့်အနေဖြင့် မက်မာစတာ၏ နေရာတွင် မည်သူကို အစားထိုးမည်ဆိုသည်နှင့်ပတ်သက်၍ ဆွေးနွေးနေပြီဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြထားသည်။

ယင်းအပြင် သမ္မတထရမ့်အနေဖြင့် လက်ရှိအချိန်တွင် မည်သည့်တရားဝင်ထုတ်ပြန်မှုများမပြုလုပ်သေးဘဲ အချိန်ဆွဲထားချင်လျက်ရှိနေကြောင်းနှင့် ယင်းမှာလည်း အမျိုးသားလုံခြုံရေးအကြံပေးနေရာကို ဆက်ခံမည့်သူကို ရှာနေဆဲဖြစ်သည့်အတွက် မက်မာစတာ အရှက်ရသွားမည်ကို မလိုလားခြင်းကြောင့် ဖြစ်ကြောင်း ယင်းက ဖော်ပြထားသည်။

သို့သော် အမျိုးသားလုံခြုံရေးကောင်စီတွင် လက်တလော အပြောင်းအလဲ မရှိသေးကြောင်း အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆာရာ ဆန်းဒါးစ်က တုန့်ပြန်ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags