ကေတီပယ်ရီ၏အနမ်းကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရသည့် အမေရိကန်အိုင်ဒေါလ်ပြိုင်ပွဲဝင်

ကေတီပယ်ရီ၏အနမ်းကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရသည့် အမေရိကန်အိုင်ဒေါလ်ပြိုင်ပွဲဝင်

 

အမေရိကန်အိုင်ဒေါလ် သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးသည် သူ၏အစမ်းသီဆိုဖျော်ဖြေမှုပြီးနောက်တွင် ဒိုင်ဖြစ်သူ အဆိုတော်ကေတီပယ်ရီ၏ အနမ်းကိုရရှိခဲ့သော်လည်း ယင်းမှာ သူ၏ဘဝတွင်ပထမဦးဆုံးရရှိဖူးသော အနမ်းတစ်ပွင့် ဖြစ်သောကြောင့် စိတ်မသက်မသာဖြစ်ခဲ့ရသည်ဟု သူ၏အတွေ့အကြုံကို ဖွင့်ဟခဲ့သည်။

ဘန်ဂျမင်ဂလေ့ဇ်အမည်ရှိ ပြိုင်ပွဲဝင်အဆိုတော်လေးက သူသည် မည်သည့်မိန်းကလေးနှင့်မှ နမ်းရှိုက်ခဲ့ဖူးခြင်း မရှိကြောင်း ကေတီပယ်ရီနှင့် အခြားဒိုင်များကို ဖွင့်ဟပြောဆိုခဲ့သည်။

ကေတီပယ်ရီသည် ကနဦးတွင် သူ၏ပါးကိုနမ်းရန်အတွက် လက်ယက်ခေါ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်း တွင် သူ၏နှုတ်ခမ်းကိုပါ နမ်းခဲ့သည်။

ယင်းအတွက်ကြောင့် ကေတီပယ်ရီအား ဝေဖန်ပြောဆိုမှုများရှိနေခဲ့ပြီး အကယ်၍ ယင်းနေရာတွင် အမျိုးသား ဒိုင်တစ်ဦးက အမျိုးသမီးပြိုင်ပွဲဝင်တစ်ဦးကို နမ်းခဲ့ပါက ဆဲသံဆိုသံများနှင့် အုတ်အော်သောင်းနင်းဖြစ်သွားမည် ဟုလည်း လူမှုမီဒီယာများပေါ်၌ ပြောဆိုနေလျက်ရှိသည်။

ကေတီပယ်ရီ၏အနမ်းကိုရရှိပြီးနောက်တွင် ဂလေ့ဇ်သည် ကြမ်းပေါ်သို့ယိုင်လဲကျသွားခဲ့ပြီး အသက် ၃၃ နှစ် အရွယ်ရှိ ကေတီပယ်ရီက အခြားဒိုင်များဖြစ်သော လီယွန်နယ်ရစ်ချီနှင့် လုခ်ဘရိုင်ယန်တို့ကို လက်ဝါးချင်းရိုက်၍ “ကျွန်မတော့ သူ့ကိုရပြီ” ဟု စနောက်ပြောဆိုခဲ့သည်။

ယင်းအစမ်းသီဆိုမှုတွင် ဂလေ့ဇ်သည် နစ်ခ်ယိုးနက်စ်၏ Levels သီချင်းနှင့် သီဆိုဖျော်ဖြေခဲ့သော်လည်း ဒိုင်များ က သူသည်နောက်တဆင့်သို့တက်ရောက်နိုင်ရန် ပြည့်စုံခြင်းမရှိသေးဟု ယူဆခဲ့ကြသည်။

အနမ်းခံရပြီးနောက်တွင် ဂလေ့ဇ်က “ကျနော်ဒါမျိုးဖြစ်မယ်လို့ မမျှော်လင့်မိခဲ့ပါဘူး” ဟု ပြောခဲ့သလို ကေတီပယ်ရီက “ငါမင်းနဲ့ ဒီနေ့တွေ့ဆုံရတာကို ဝမ်းသာပါတယ်။ ငါ့အသည်းနှလုံးလည်း တဖျတ်ဖျတ်ခုန်သွားခဲ့ ပါတယ်။ မင်းက အရမ်းနှစ်လိုဖွယ်ကောင်းတယ်လို့ ငါထင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ထို့နောက်တွင် ဂလေ့ဇ်က သူသည် သူ၏ပထမဦးဆုံးအနမ်းကို သူ၏ချစ်သူနှင့်သာရရှိလိုကြောင်းနှင့် သူသည် ရှေးရိုးစွဲမိသားစုတွင် ကြီးပွားလာခဲ့ရသောကြောင့် အနမ်းရရှိခဲ့ချိန်တွင် စိတ်မသက်မသာဖြစ်ခဲ့မိသည်ဟု နယူးယောက်တိုင်းမ်သတင်းစာသို့ ဖွင့်ဟပြောဆိုခဲ့သည်။

သို့သော်လည်း သူသည် ကေတီပယ်ရီ၏အနမ်းနှင့်ပက်သက်၍ စောဒကတက်တိုင်ကြားလိုခြင်းမဟုတ်ကြောင်း သူ၏ လူမှုမီဒီယာ၌ နောက်ပိုင်းတွင် ပြန်လည်ရှင်းလင်းခဲ့သည်။

Ref: BBC

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required