သွားကိုက်ဝေဒနာကြောင့် ဘရူနိုမားစ်၏ကမ္ဘာပတ်ဖျော်ဖြေပွဲမှ နှုတ်ထွက်ခဲ့သည့် အဆိုတော်မလေးဒျူအာလီပါ

သွားကိုက်ဝေဒနာကြောင့် ဘရူနိုမားစ်၏ကမ္ဘာပတ်ဖျော်ဖြေပွဲမှ နှုတ်ထွက်ခဲ့သည့် အဆိုတော်မလေးဒျူအာလီပါ
 

 

အင်္ဂလိပ်အဆိုတော်မလေး ဒျူအာလီပါသည် အံဆုံးပေါက်နေသောကြောင့် သွားကိုက်ဝေဒနာကို မခံမရပ်နိုင် ခံစားနေခဲ့ရသည့်အတွက် နာမည်ကြီးအဆိုတော် ဘရူနိုမားစ်နှင့်အတူပြုလုပ်နေသည့် ကမ္ဘာပတ်ဖျော်ဖြေပွဲ အစီအစဉ်မှ နှုတ်ထွက်ခဲ့သည်။

ဒျူအာလီပါသည် သူမ၏အင်စတာဂရမ်ပေါ်၌ ဗုဒ္ဓဟူးနေ့က ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပြီး သူမသည် အံဆုံးပေါက် နေသောကြောင့် မားစ်နှင့်အတူပြုလုပ်မည့် လာမည့်ဖျော်ဖြေပွဲများ၌   ဖျော်ဖြေနိုင်တော့မည်မဟုတ်ကြောင်း ပရိသတ်များအား ရှင်းလင်းပြောဆိုခဲ့သည်။

သို့သော်လည်း သူမသည် ယင်းဝေဒနာမှအလျင်အမြန်သက်သာလာပြီး မြန်နိုင်သမျှမြန်မြန် ပြန်လည်ဖျော်ဖြေ နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့သည်။

“ဘရူနိုမားစ်နဲ့အတူ ရှိုးပွဲအချို့သီဆိုဖျော်ဖြေဖို့ စီစဉ်ထားပေမယ့်လည်း ပယ်ဖျက်ရပါတော့မယ်။ အံဆုံးပေါက်နေ တာကြောင့် ကျွန်မဟာ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားနေခဲ့ရပါတယ်။ သွားဆရာဝန်တွေနဲ့ ခံတွင်းဆရာဝန် တွေရဲ့အကြံပေးချက်အရ ကုသမှုခံယူနေရပါတယ်” ဟု သူမက ပြောခဲ့သည်။

ဆက်လက်ပြီး “ကျမဟာ ဒီကမ္ဘာပတ်ဖျော်ဖြေပွဲကို အရမ်းနှစ်သက်နေတာပါ။ မမျှော်လင့်ပဲဒီလိုဖြစ်လာတာ ကြောင့် ကျမအရမ်းကို စိတ်ပျက်မိပါတယ်။ ကျမ မြန်မြန်ပြန်ကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ နားလည်ပေးတဲ့အတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်” ဟု ဒျူအာလီပါက ပြောခဲ့သည်။

ဒျူအာလီပါသည် လွန်ခဲ့သောလက BRIT ဂီတဆုပေးပွဲ၌ ဆုကြီးနှစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘရူနိုမားစ် နှင့်အတူ ကမ္ဘာလှည့်ဖျော်ဖြေပွဲပြုလုပ်ရန် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required