အိုင်စီစီကနေ ဖိလစ်ပိုင်နှုတ်ထွက်ဖို့ ဒူတာတေး စီစဉ်နေ

အိုင်စီစီကနေ ဖိလစ်ပိုင်နှုတ်ထွက်ဖို့ ဒူတာတေး စီစဉ်နေ

မတ် ၁၄ ။            ။ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (အိုင်စီစီ) အပေါ် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာသဘောတူစာချုပ်ကနေ ဖိလစ်ပိုင်နှုတ်ထွက်ပြီဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

၎င်းလက်ထက် လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုများလုပ်နေတဲ့ အိုင်စီစီကနေ ထွက်ဖို့ ယခုလို သမ္မတဒူတာတေးဘက်က ပြင်ဆင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

" ဒါကြောင့် ကျွန်တော် ကြေညာ အသိပေးရပါတော့မယ်၊ အိုင်စီစီရဲ့ အခြေခံစာချုပ် Rome Statute ကနေ ခုပဲ ဖိလစ်ပိုင်ထွက်ရပါတော့မယ်" လို့ ဒူတာတေးက ပြောသွားပါတယ်။

The Hague အခြေစိုက် အိုင်စီစီ ခုံရုံးအနေဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်စစ်ပွဲနှင့်ပတ်သက်၍ ပဏာမစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့ပါတယ်။

အဆိုပါ ဖိလစ်ပိုင်မူးယစ်စစ်ပွဲအတွင်း သံသယတရားခံ ၄,၀၀၀ နီးပါး သတ်ဖြတ်ခဲ့သည်ဟု ဖိလစ်ပိုင်ရဲများက ပြောထားသော်လည်း တကယ့်လက်တွေ့သေဆုံးသူကိန်းဂဏာန်းများမှာ အာဏာပိုင်များပေးထားသည့်အရေအတွက်ထက် သုံးဆပိုများကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required