ပွဲပြီးခါနီးမှ ပင်နယ်တီပေးရလို့ ရှုံးနိမ့်ခဲ့ရတဲ့ ရန်ကုန်အသင်း

ပွဲပြီးခါနီးမှ ပင်နယ်တီပေးရလို့ ရှုံးနိမ့်ခဲ့ရတဲ့ ရန်ကုန်အသင်း

 

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဖိလစ်ပိုင်ကလပ်ဂလိုဘယ်အသင်းကို အဝေးကွင်းမှာ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ရန်ကုန်အသင်းအနေနဲ့ အိမ်ကွင်းမှာတုန်းက ဂလိုဘယ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာတော့ အားထားရတဲ့တိုက်စစ်မှူး ဆိုင်လာအပါအဝင် အဓိက ကစားသမားအချို့ ဒဏ်ရာရ၊ ပွဲပယ်ပြဿနာတွေကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။

ဂလိုဘယ်အသင်းကိုရှုံးခဲ့ပေမယ့် အုပ်စုကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး လက်ကျန်နှစ်ပွဲမှာ တစ်ပွဲနိုင်ရုံနဲ့ နောက်တစ်ဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ရန်ကုန်အသင်းဟာ လက်ကျန်နှစ်ပွဲမှာ အင်ဒိုနီးရှားကလပ် ဘာလီကို အိမ်ကွင်း၊ ဗီယက်နမ်ကလပ် သန်ဟွာအသင်းကို အဝေးကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်ကလပ်ဂလိုဘယ်နဲ့ပွဲမှာ ရန်ကုန်အသင်းအတွက် ချေပဂိုးကို မောင်မောင်လွင်က ခေါင်းတိုက်ပြီးသွင်းယူပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly