နှစ်ဆယ့်တစ်ရာစု အထွန်းတောက်ဆုံး သိပ္ပံပညာရှင် စတီဗင်ဟော့ကင်း အသက် ရ၆ နှစ်တွင် ကွယ်လွန်

နှစ်ဆယ့်တစ်ရာစု အထွန်းတောက်ဆုံး သိပ္ပံပညာရှင် စတီဗင်ဟော့ကင်း အသက် ရ၆ နှစ်တွင် ကွယ်လွန်

 

လန်ဒန်၊ မတ် ၁၄ ။          ။ နှစ်ဆယ့်တစ်ရာစု အထွန်းတောက်ဆုံး ဗြိတိသျှသိပ္ပံပညာရှင်ဖြစ်သူ စတီဗင်ဟော့ကင်းသည် အသက် ၇၆ နှစ်တွင် ကွယ်လွန်ကြောင်း မိသားစု ပြောခွင့်ရသူတစ်ဦးက မတ် ၁၄ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးရတဲ့ အဖေဟာ ဒီကနေ့မှာ တိမ်းပါးသွားခဲ့ပြီမို့ အလွန်ပဲ ဝမ်းနည်းမိပါတယ်။”ဟု ပါမောက္ခတစ်ဦးဖြစ်သူ ဟော့ကင်း၏ ကလေးများဖြစ်သော လူစီ၊ ရောဘတ်နှင့် တမ်တို့က ထုတ်ပြန်ချက်ကို ဗြိတိန်က Press Association သတင်းအေဂျင်စီက ဖော်ပြသည်။

“သူဟာ ကြီးကျယ်တဲ့ သိပ္ပံပညာရှင်ပါ။ အံ့မခန်းလူသားပါပဲ။ သူ့ စွမ်းဆောင်ချက်၊ သူ ထားရစ်တဲ့ အမွေဟာ နှစ်များစွာ ထင်ကျန်ရစ်တော့မှာဖြစ်ပါတယ်။”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဟော့ကင်းသည် ဝှီးချဲဖြင့်သာ ရှင်သန်ရသည့် ဘဝအဖြစ်မျိုးရောက်ရှိစေသော အာရုံကြော တစ်ဖြည်းဖြည်းချင်း မသန်စွမ်းတော့သည့် ရောဂါဖြင့် ငါးနှစ်တာ အသက်ရှင်သန်မည်ဟု ဆရာဝန်များ၏ ခန့်မှန်းချက်ကို လွန်ဆန်ကာ ပိုမိုရှင်သန် နေထိုင်သွားနိုင်ခဲ့သူဖြစ်သည်။

“သူ့ရဲ့ ကြီးမားတဲ့ ဉာဏ်ပညာနဲ့အတူ သတ္တိ၊ ဇွဲလုံ့လတွေနဲ့ ဇဝနဉာဏ်ရွှင်မှုတွေဟာ ကမ္ဘာပေါ်က လူသားတွေကို ခေတ်သစ်ဆန်းစေခဲ့သူပဲ ဖြစ်ပါတယ်။ သူက တစ်ခါ ပြောဖူးတယ်။ ချစ်တဲ့သူတွေနဲ့ အိမ်မရှိခဲ့ရင် စကြဝဠာဆိုတာလည်း ဘာမှမဟုတ်ပါဘူးလို့ သူတစ်ခါက ပြောဖူးတယ်။ ကျွန်တော်တို့တော့ သူ့ကို အမြဲအောင်းမေ့နေတော့မှာပဲ။”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စတီဗင်ဟော့ကင်းသည် အချိန်၏ သမိုင်းစာအုပ်ဖြင့် သိပ္ပံလောကကို တော်လှန်တစ်ခေတ်ပြောင်းစေခဲ့သော နှစ်ဆယ့်တစ်ရာစု အထွန်းတောက်ဆုံး သိပ္ပံပညာရှင်ကြီးပဲ ဖြစ်တော့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly