ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာက အသစ်အဆန်းမဟုတ်ပါဘူး - မော်ရင်ဟို

ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတာက အသစ်အဆန်းမဟုတ်ပါဘူး - မော်ရင်ဟို
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် နည်းပြ ဟိုဆေး မော်ရင်ဟိုက လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရတာနဲ့ ပတ်သက်ပြီး အိမ်ကွင်းမှာ ရှုံးထွက် (၁၆)သင်းအဆင့်တွေမှာ ထွက်ခွာခဲ့ရတာဟာ “ကလပ်အသင်းအတွက် အသစ်အဆန်းမဟုတ်ဘူး”လို့ ပြောပါတယ်။

ဆီဗီလာအသင်းရဲ့ လူစားဝင်ကစားသမား ဘင်ယက်ဒါက စပိန်ကလပ်အတွက် ၂ ဂိုးသွင်းပြီး အိုးထရက်ဖို့ဒ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

“ဒီနေ့ပွဲမှာ စွမ်းဆောင်ရည်က ဆိုးခဲ့တယ်လို့ ကျနော် မထင်ပါဘူး”လို့ ရှုံးထွက် (၁၆)သင်းအဆင့်မှာ ၄ ကြိမ်ထိ ရှုံးနိမ့်ခဲ့သူ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

သူက ဆက်ပြီး “ကျနော့်မှာ နောင်တဆိုတာ မရှိဘူး။ ကျနော် အကောင်းဆုံး လုပ်ခဲ့တယ်။ ဒီလိုပဲ ကစားသမားတွေလည်း လုပ်ခဲ့တယ်။ ကျနော်တို့ ကြိုးစားခဲ့တယ်။ ရှုံးနိမ့်ခဲ့တယ်။ အဲဒါက ဘောလုံးပဲ”လို့ ပြောပါတယ်။

မော်ရင်ဟိုက “ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကျနော် ဒီထိုင်ခုံမှာပဲ ထိုင်ခဲ့ပြီး ရှုံးထွက်အဆင့်မှာ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းကို ပြိုင်ပွဲကနေ ဖြုတ်ပစ်ခဲ့ဖူးပါတယ်။ ဒီလိုထိုင်မှာ ပေါ်တိုအသင်း (၂၀၀၄)နဲ့ ရီးယဲလ်အသင်း (၂၀၁၃)တို့ကို ကိုင်တွယ်ခဲ့တဲ့ နှစ်ကြိမ်စလုံးကပေါ့။ ဒါက အသင်းအတွက် အသစ်အဆန်းမဟုတ်တော့ဘူးပေါ့”လို့ ဆိုပါတယ်။

“ဒီနေ့ပွဲမှာ စွမ်းဆောင်ရည်ကတော့ ဆိုးရွားတယ်လို့ ကျနော် မထင်ပါဘူး။ ကျနော်တို့အသင်း ပွဲစစချင်းမှာ အရမ်းကောင်းပြီး အပေါင်းဆန်ပါတယ်။ ဆီဗီလာက အသင်းကောင်းတစ်သင်းပါ သူတို့က ဘောလုံးကို ဖျောက်ထားနိုင်ပြီး ကွင်းလယ်ကမှာ ကစားသမားတွေ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။”

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required