နိုင်ငံခြားရေးဝန်ကြီအဖြစ် တေလာဆန် နေရာတွင် စီအိုင်အေညွှန်ကြားရေးမှူးအား ထရမ့် အစားထိုးခန့်အပ်

နိုင်ငံခြားရေးဝန်ကြီအဖြစ် တေလာဆန် နေရာတွင် စီအိုင်အေညွှန်ကြားရေးမှူးအား ထရမ့် အစားထိုးခန့်အပ်

ဝါရှင်တန်၊ မတ် ၁၃ ။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ထိပ်တန်းသံတမန်ဖြစ်သူ ရက်ဇ်တေလာဆန်က ရာထူးက နုတ်ထွက်သွားပြီဖြစ်၍ ၎င်း၏ နေရာတွင် လက်ရှိ စီအိုင်အေအကြီးအကဲ မိုက်ပွမ်ပီရိုနှင့် အစားထိုးကြောင်း မတ် ၁၃ ရက်တွင် ကြေညာသည်။
“စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး မိုက်ပွမ်ပီရိုက နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာပါမယ်။ သူကတော့ အလုပ်ကို ထူးထူးကဲကဲ လုပ်ဆောင်ပါလိမ့်မယ်။”ဟု ထရမ့်က တွစ်တာတွင် ရေးသားသည်။
အချို့သော သတင်းများတွင် ထရမ့်က ရတ်တေလာဆန်အား ရာထူးက ထုတ်ပယ်ကာ ပွမ်ပီရိုအား အစားထိုးခန့်အပ်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
“ရတ်တေလာဆန်၊ ခင်ဗျားရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။
လစ်လပ်သွားသည့် စီအိုင်အေ အကြီးအကဲနေရာတွင် ဂျီနာဟာစပဲလ်ကို အစားထိုးခန့်အပ်ကြောင်း သမ္မတ ထရမ့်က ကြေညာသည်။
ယင်းကြောင့် စီအိုင်အေအကြီးအကဲ နေရာတွင် ပထမဆုံးအမျိုးသမီးအဖြစ် ဂျီနာက ထမ်းဆောင်တော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags