ပင်လယ်ကို လှေဖြင့်ဖြတ်ကာ နိုင်ငံရွှေ့ပြောင်းဝင်ရောက်သူ ၅၀ ဝန်းကျင် လှေဝမ်းအတွင်း သေဆုံးလျက်သား တွေ့ရှိ

ပင်လယ်ကို လှေဖြင့်ဖြတ်ကာ နိုင်ငံရွှေ့ပြောင်းဝင်ရောက်သူ ၅၀ ဝန်းကျင် လှေဝမ်းအတွင်း သေဆုံးလျက်သား တွေ့ရှိ

လစ်ဗျားကမ်းလွန်တွင် နိုင်ငံဖြတ်ကျော်ဝင်ရောက်ရန် လှေဖြင့် ပင်လယ်ဖြတ်ခဲ့သည့် လှေတစ်စီး၏ ဝမ်းဗိုက်အတွင်း လူ ၅၀ နီးပါးကို သေဆုံးလျက်သား တွေ့ရှိကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

အသက်ရှုမဝခြင်းကြောင့် သေဆုံးကြခြင်းဖြစ်နိုင်ကြောင်း အီတလီမီဒီယာများတွင် ဖော်ပြသည်။

အဆိုပါ လှေပေါ်မှ ရွှေ့ပြောင်းဝင်ရောက်သူ ၄၃၀ ဝန်းကျင်အားလည်း ဆွီဒင်ကမ်းခြေစောင့်သင်္ဘောဖြင့် တင်ဆောင်ကယ်တင်ခဲ့ရကြောင်း သတင်းတွင်ဖော်ပြသည်။

လစ်ဗျားမှ နိုင်ငံရွှေ့ပြောင်းရန် ပင်လယ်ဖြတ်ကျော်သူ ထောင်ပေါင်းများစွာသေဆုံးခဲ့ပြီး ပင်လယ်အတွင်း ကယ်ဆယ်ခဲ့ရသူပေါင်းလည်း ထောင်ပေါင်းများစွာရှိသည်။

ယခုလှေအား ကယ်တင်နိုင်မှုသည် လစ်ဗျားကမ်းလွန်တွင် ဆောင်ရွက်လျက်ရှိသည့် ကယ်ဆယ်ရေးမစ်ရှင်တစ်ရပ်အတွင်း ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

သြဂုတ်လအစောပိုင်းကလည်း ယခုကဲ့သို့ပင် အီတလီရေတပ်က ပင်လယ်ဖြတ်ရွှေ့ပြောင်းလှေတစ်စင်းပေါ် လှေဝမ်းအတွင်း လူပေါင်း ၄၉ ဦးသေဆုံးလျက် တွေ့ရှိကယ်ဆယ်ခဲ့ရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required