နေပြည်တော်တွင် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍာပ် ပထမဆုံး စတင်ဖွင့်လှစ်ကျင်းပမည်

နေပြည်တော်တွင် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍာပ် ပထမဆုံး စတင်ဖွင့်လှစ်ကျင်းပမည်

 

နေပြည်တော်၊ မတ်လ ၁၃ ။                  ။ နေပြည်တော်တွင် ရှိသော ရခိုင် အသိုင်းအဝိုင်းများနှင့် အတူ ရခိုင်ရိုးရာသြင်္ကန်မဏ္ဍာပ်ကို ယခုနှစ်တွင် ပထမဆုံး စတင် ဖွင့်လှစ်ကျင်းပသွားမည်ဟု   နေပြည်တော်ကောင်စီသာယာရေး ကော်မတီ အဖွဲ့ဝင် ဦးမင်းသူက ပြောကြားသည်။

  “ဒီနှစ်ထူးခြားတာကတော့ ဒီနှစ်က နေပြည်တော်မှာ ရှိနေတဲ့ရခိုင် အသိုင်းအဝိုင်းကနေ ရခိုင်ရိုးရာသြင်္ကန် ဒီနေပြည်တော်မှာနေပြည်တော်သြင်္ကန်နဲ့အတူ ဒါရေပက်ကစားသွားမှာ”ဟု ဦးမင်းသူက ပြောကြားသည်။

အဆိုပါ မဏ္ဍာပ်ကို နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့တွင် တည်ဆောက်နေကျ မြို့တော်ဝန်မဟာသြင်္ကန် မဏ္ဍာပ်ဘေးတွင် တည်ဆောက်သွားမည်ဟု ဦးမင်းသူက ဆက်လက်ပြောကြားသည်။

“မြို့တော်ဝန် မဏ္ဍာပ်နဲ့ အတူ ရခိုင်ရိုးရာရေကစားမဏ္ဍာပ်ပေါ့လေ။ အဲ့နားမှာ တွဲပြီးမှ လုပ်မယ်လို့ဒါ စီစဉ်ပေးထားတာ။ ဒီရခိုင်တိုင်းရင်းသားက အစိုးရ အဖွဲ့ထဲမှာကော၊ နေပြည်တော်ကောင်စီထဲမှာကော ၊နောက်ဝန်ထမ်းတွေထဲမှာကော အကြီးအကဲတွေထဲမှာလည်း တော်တော်များတယ်။ များတဲ့ အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာသြင်္ကန်ကလည်း မြန်မာ့ရိုးရာ သြင်္ကန်နဲ့အတူ ဒါ တချိန်တည်းဖြစ်နေတဲ့ အတွက် ဒီဟာလေးက ထူးထူးခြားခြားလေး ရေပက်ကစားတဲ့ ဓလေ့ရိုးရာ အတိုင်းရေပက်ကစားဖို့ တင်ပြလာတဲ့ အတိုင်းဝိုင်းလုပ်ပေးတာ”ဟု ၎င်းက ထပ်မံပြောကြားသည်။

နေပြည်တော် နယ်မြေ တစ်ခုလုံးတွင် ယမန်နှစ်က မြို့တော်ဝန် မဟာသြင်္ကန်မဏ္ဍာပ်အပါဝင် စုစုပေါင်း မဏ္ဍာပ်၁၆ခုရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် အတွင်းစည်း ၊အပြင်စည်း လုံခြုံရေး ချထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly