ထီးချိုင့်မြို့နယ် ဘော်ဒါဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲ

ထီးချိုင့်မြို့နယ် ဘော်ဒါဆောင်တစ်ခုတွင် ဗုံးပေါက်ကွဲ

 

မတ် ၁၃ ။                                   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊အလယ်တောရွာရှိ  ဒေါ်ခင်ခင် ပိုင်ဆိုင်သော ဖူးပွင့်ဝေဆာ ဘော်ဒါဆောင်တွင် မတ်လ ၁၂ ရက်၊မွန်းလွဲ ၁ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန်က မဇ္ဈိမကို အတည်ပြုပြောသည်။

 "မွန်လွဲ ၁ နာရီလောက်မှာ တစ်လုံးပေါက်တယ်။ထိခိုက်ဒဏ်ရာရတာမရှိပါဘူး"ဟု ဦးသိန်းဟန်ကပြောသည်။

 ထိုသို့ပေါက်ကွဲမှုဖြစ်အပြီး နယ်မြေခံတပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ရှာဖွေမှုများပြုလုပ်ရာ အားလုံးပေါင်း ဗုံး ၉ လုံးရှာဖွေတွေ့ရှိသည်ဟု ဦးသိန်းဟန်ကဆိုသည်။

 ထိုသို့ပြုလုပ်ခဲ့သည့် တရားခံကို ရွှေဘိုမြို့တွင် ဖမ်းဆီးရမိထားသည်ဟု ဦးသိန်ဟန်ကဆိုသော်လည်း ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားခြင်းမရှိသေးပေ။

 "ဒီနေ့ ရွှေဘိုမှာ မိတယ်လို့ကြားတယ်"ဟု ဦးသိန်းဟန်ကပြောသည်။

 ထီးချိုင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက"ဘယ်သူလုပ်တယ်။ဘာကြောင့်လုပ်တယ်ဆိုတာ စုံစမ်းနေပါတယ်"ဟုပြောသည်။

ပေါက်ကွဲမှုဖြစ်သည့်အချိန်က လုံခြုံရေးယူထားမှုများရှိသော်လည်း ယနေ့တွင် ဖြစ်ပွါးခဲ့သည့်နေရာအနီးတွင် လုံခြုံရေးယူထားခြင်းမရှိကြောင်း ဦးသိန်းဟန်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly