ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းရေး ရရှိအောင် အားလုံး ပါ၀င်ဆောင်ရွက်ရမည်ဟု သူရ ဦးရွှေမန်းဆို

ရွေးကောက်ပွဲ ကာလအတွင်း တည်ငြိမ်အေးချမ်းရေး ရရှိအောင် အားလုံး ပါ၀င်ဆောင်ရွက်ရမည်ဟု သူရ ဦးရွှေမန်းဆို

ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက် ပွဲနေ့ နှင့် ရွေးကောက်ပွဲအပြီး ကာလများတွင် တည်ငြိမ်အေးချမ်း ရေးရရှိအောင် အားလုံး ပါဝင် ဆောင်ရွက်ရမည်ဖြစ်ပြီး သို့မဟုတ်လျှင်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးအား ထိခိုက်မည်ဖြစ် ကြောင်း ပြည့်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက  သြဂုတ် ၂၇ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စား များအား ပြောကြားခဲ့သည်။

 

သူရဦးရွှေမန်းက  `` နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးရရှိအောင် အားလုံးပါဝင်ဆောင်ရွက်နေကြရမှာ ဖြစ်ပါ တယ်။ ဒီလိုမဆောင်ရွက်လျင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးကို တနည်းမဟုတ်တစ်နည်း
ထိခိုက်ပြီး နာကျင်မှုခံစားရမှာက ပြည်သူများသာ ဖြစ်ကြပါလိမ့်မယ် လွှတ်တော် ကိုယ်စားလှယ်ခင်ဗျား ´´ဟု ပြောကြားသည်။

၎င်းက သြဂုတ် ၂၇ ရက်၊ ပြည်သူ့လွှတ်တော် ၁၂ကြိမ်မြောက် ပုံမှန် အစည်းအဝေးအပြီးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်နိုဝင်ဘာ ၈ ရက် တွင်  ပါတီစုံအထွေအထွေရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် ၇၃ ရက်သာ လိုတော့ရာ  အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာမှုရှိစေရန် ဆောင်ရွက် ရမည်မှာ ရွေးကောက်ပွဲ ကော် မရှင်များ၌သာ တာဝန်ရှိသည် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေပြုအဖွဲ့၊ ပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနှင့်  ပြည်သူအားလုံးတွင် တာဝန်ရှိသည်ဟု ခံယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း  သူရဦးရွှေမန်းက  လွှတ်တော်ကိုယ်စားလှယ်များအား  ပြောကြားခဲ့သည်။

ယင်းအပြင် သြဂုတ် ၂၈ ရက်တွင် လွှတ်တော် အစည်းအဝေးများ ပြီးဆုံးမည်ဖြစ်ပြီး အစည်း အဝေးရပ်နား ချိန်တွင် လက်ရှိလွှတ်တော်ကိုယ်စား လှယ်များက ဒုတိယအကြိမ်  လွှတ်တော် သက်တမ်းအတွက် ပါဝင်ရန် ကြိုးစားနေခြင်းကိုလည်း  ၎င်း အနေဖြင့် ကြိုဆိုကြောင်းနှင့် ပထမအကြိမ်  လွှတ်တော်သက်တမ်း အတွင်းတွင် ပြည်သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပြီး တာဝန်ကျေသော၊ သစ္စာရှိသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်စေရန် ဆောင်ရွက်သွားမူမှာ   ပို၍ အရေးကြီးသည်ဟုလည်း  သူရ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များအား အမှားစကားပါးခဲ့သည်။

ကိုယ်စားလှယ် များ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ ပြည်သူကိုယ်စားလှယ် ဖြစ်နေခြင်းကြောင့် အဆိုပါနေ့ရက် အထိ ပြည်သူများ၏ နေ့စဉ်ကြုံတွေ့ နေရသည့် အခက်အခဲများ၊ လိုအပ်ချက် များကို  လွှတ်တော်ရပ်နားချိန်တွင်လည်း လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားသော ကော်မတီများ၊  ကော်မရှင်များက အစည်းအဝေးများပြုလုပ်၍  ညှိုနှိုင်းတိုင်ပင် ပူပေါင်းဆောင်ရွက် နိုင်ရန် စီစဉ်တာဝန်ပေးအပ်ထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required