ကိုင်လီဂျန်နာ၏ရင်သွေးလေး၏ ဖခင်အရင်းမှာ Tyga ဆိုသော ကောလဟာလများကို ခရစ္စဂျန်နာ ပြက်ရယ်ပြု

ကိုင်လီဂျန်နာ၏ရင်သွေးလေး၏ ဖခင်အရင်းမှာ Tyga ဆိုသော ကောလဟာလများကို ခရစ္စဂျန်နာ ပြက်ရယ်ပြု

 

သြစတြေးလျရေဒီယိုရှိုးတစ်ခုနှင့် ရေဒီယိုအင်တာဗျူးပြုလုပ်ခဲ့စဉ်တွင် နာမည်ကျော်မော်ဒယ်များ၏ မိခင်ဖြစ်သူ ခရစ္စဂျန်နာက ကိုင်လီဂျန်နာ၏ သမီးဦးလေးဖြစ်သော စတောန်မီဝက်ဘ်စတာ၏ ဖခင်အရင်းမှာ ရက်ပ် အဆိုတော် Tyga ဖြစ်သည်ဟု ပြောဆိုနေကြသော ကောလဟာလများကို ပြက်ရယ်ပြု၍ ငြင်းဆန်ခဲ့သည်။

ရက်ပ်အဆိုတော်တစ်ဦးဖြစ်သည့် ထရာဗစ်စကော့နှင့် ရင်သွေးလေးရရှိခဲ့သည့် ကိုင်လီဂျန်နာက အဆိုပါ ရေဒီယိုအင်တာဗျူး၌ “ Tyga ကတော့ ကောလဟာလတွေအတိုင်း သံယောင်လိုက်ပြီးတော့ ဒီကလေးဟာ သူ့ကလေးပါလို့ ပြောနေပါတယ်” ဟု ပြောဆိုခဲ့ချိန်တွင် သူမ၏မိခင်ဖြစ်သူ ခရစ္စဂျန်နာက “အိုး..မဟုတ်ပါဘူး။ ဒါဟာ ထုံးစံအတိုင်းထွက်ပေါ်လာတဲ့ မိုက်မဲတဲ့ကောလဟာလတွေပဲ ဖြစ်ပါတယ်” ဟု အလျင်အမြန်တုံ့ပြန်ခဲ့ သည်။

အဆိုပါသတင်းများကို အသက် ၆၂ နှစ်အရွယ်ရှိ ခရစ္စဂျန်နာက “မင်းတို့အားလုံး ဒီကိစ္စနဲ့ပက်သက်လို့ ပိုသိပါ တယ်” ဟုလည်း ပြက်ရယ်ပြုခဲ့သည်။

အဆိုတော် Tyga သည် ကိုင်လီနှင့်အတူ လွန်ခဲ့သော ၂၀၁၄ ခုနှစ် အောက်တိုဘာလကတည်းက တရားဝင် ချစ်သူများအဖြစ် လက်တွဲခဲ့ကြပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ် ဧပြီလက လမ်းခွဲခဲ့ကြသည်။

ကိုင်လီသည် ထရာဗစ်စကော့နှင့်အတူ Coachella 2017 ဂီတပွဲတော်၌ စတင်၍ ချစ်သူများဖြစ်ခဲ့ကြသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထို့နောက်တွင် သူမနှင့် ထရာဗစ်တို့သည် ၂၀၁၇ ဧပြီလ ၂၇ ရက်နေ့က Houston Rockets ၏ ဘတ်စကတ်ဘောပြိုင်ပွဲသို့ အတူတက်ရောက်ကြည့်ရှုခဲ့ကြသည်။

ယင်းရေဒီယိုအင်တာဗျူး၌ ခရစ္စဂျန်နာက “ကျွန်မမှာတော့ မြေးတွေအများကြီးနဲ့ အရမ်းကိုစိတ်လှုပ်ရှား ပျော်ရွှင် စရာကောင်းပါတယ်။ အခုဆိုရင် ကျွန်မထက် သူတို့က အင်အားပိုများသွားပါပြီ” ဟုလည်း နောက်ပြောင်ခဲ့သည်။

လွန်ခဲ့သောဇန်နဝါရီလက ခရစ္စဂျန်နာ၏ သမီးကြီးဖြစ်သော ကင်မ်ကာဒါရှန်းသည် သုံးယောက်မြောက်ရင်သွေး လေးကို ရရှိခဲ့ပြီး ကိုင်လီဂျန်နာကလည်း သမီးဦးလေးရရှိခဲ့သလို ကလိုဝီကာဒါရှန်းကလည်း ယခုအခါတွင် ရင်သွေးဦးလေးကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်သည်။

ကလိုဝီကာဒါရှန်း မီးဖွားပြီးပါက ခရစ္စဂျန်နာသည် မြေးကိုးဦး၏ ဖွားဖွားကြီးဖြစ်လာတော့မည်ဟု သိရသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly